ဖြေရှင်းရေးလား ပျက်သုဉ်းရေးလား

Type

 

မျိုးငြိမ်းငယ်

 

မြန်မာ့နိုင်ငံရေးသမိုင်းမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရေးပြဿနာတွေကို ဘယ်လိုပုံစံနဲ့ ဖြေရှင်းကြသလဲဆိုတာ သင်ခန်းစာယူစရာတွေ များလှပါတယ်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းလို့ ကာလကန့်သတ်ဆိုရခြင်း ကလည်း ခေတ်သစ်မြန်မာ့နိုင်ငံရေးအစဖြစ်လို့ပါ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိတဲ့ ၁၉၄၈ ခုနှစ်ဆိုတာ ကမ္ဘာမှာ စစ်အေးခေတ်ကာလဖြစ်ပါတယ်။ အဲဒီမတိုင်ခင်က လက်နက်ကိုင်ရင်ဆိုင်တိုက်ခိုက်ခဲ့ကြတဲ့ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်မှာ စစ်ပွဲတွေရဲ့ဒဏ်ကို လူသားတွေ ခါးခါးသီးသီး သိရှိနားလည်ခဲ့ကြပါတယ်။

 

စစ်ပွဲတွေရဲ့ဆိုးကျိုး


ပထမကမ္ဘာစစ်ကြောင့် စစ်ဘက်၊  အရပ်ဘက် လူပေါင်း သန်း ၂၀ ကျော် သေဆုံးခဲ့ပြီး ၂၁ သန်း ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ ပထမကမ္ဘာစစ်ထက် ပိုမိုသေဆုံးခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ  လူပေါင်း  ၅၀  နဲ့  ၅၆  သန်းကြား  သေကျေပျက်စီးခဲ့ပြီး  နောက်ဆက်တွဲ  သေဆုံးရ သူပေါင်းက ၁၉ သန်းနဲ့ ၂၈ သန်းကြား  ရှိပါတယ်။ စစ်ပြီးနောက်ပိုင်းမှာလည်း စစ်ပွဲမှာပါဝင်ခဲ့တဲ့ နိုင်ငံ တွေ၊ ဒေသတွေ၊ လူမျိုးတွေရဲ့ စီးပွားရေး၊ လူမှုရေး တွေအစ အားလုံးထိခိုက်ခဲ့ကြရပါတယ်။ ကမ္ဘာစစ် လိုပဲ နိုင်ငံတွင်း၊ ဒေသတွင်းဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေ၊ တိုက်ပွဲတွေကြောင့် ဆိုးကျိုးတွေကို ခံစားနေကြရ ဆဲဖြစ်ပါတယ်။

 


မြန်မာနိုင်ငံမှာဆိုရင်          ပြည်တွင်းနိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့ အချင်းချင်း တိုက်ခိုက် ခဲ့ကြတာ  နှစ်ပေါင်း   ၇၀ ကျော်  ကြာခဲ့ပါပြီ။ အောင်မြင်ခဲ့ကြသလား၊  အဲဒီနည်းလမ်းက ဘယ်ကို ဦးတည်သွားခဲ့ကြသလဲ၊ နိုင်ငံနဲ့ ပြည်သူအတွက် ဘာတွေ အကျိုးရှိခဲ့သလဲ၊ ဘာတွေ အကျိုးပျက်စီး စေခဲ့သလဲ ဆိုတဲ့  မေးခွန်းဟာ   ဒီကနေ့   နိုင်ငံရေး အကျပ်အတည်းတွေကို    ဖြေရှင်းဖို့   နည်းလမ်း ရွေးချယ်ရာမှာ များစွာအသုံးဝင်ပါလိမ့်မယ်။ 

 


ဘာကြောင့်လဲဆိုတော့ ဒီကနေ့နိုင်ငံမှာဖြစ်နေ တဲ့အခြေအနေတွေနဲ့     ယှဉ်စဉ်းစားရင်     အဲဒီ နည်းလမ်းဟာ ဆိုးကျိုးတွေဆီကိုပဲ  ဦးတည်သွားလို့ မှန်ကန်တဲ့နည်းလမ်း မဟုတ်ဘူးလို့ ကောက်ချက် ချရပါလိမ့်မယ်။      အချင်းချင်းတိုက်ခိုက်နေတဲ့ အကျိုးဆက်က ဘုံရလဒ်အဖြေရဖို့ထက် နဂိုရှိရင်းစွဲ အခြေအနေတွေကိုပါ ပိုပြီး ပျက်စီးသွားစေလို့ပါပဲ။

 


အမှားသံသရာ


ဒီတော့ ဘာကြောင့် ဒီလိုထိပ်တိုက်ရင်ဆိုင်မှု တွေကို ရွေးချယ်ကြသလဲ၊ အခြားနည်းလမ်းတွေ ရှိနေပါလျက်  အခြားနည်းလမ်းတွေကို  ရှောင်လွှဲပြီး တိုက်ခိုက်မှုတွေကိုသာ အစဉ်အဆက်  ရွေးချယ် ခဲ့ကြသလဲဆိုတာ မြန်မာ့နိုင်ငံရေးအတွက် အလွန် ကြီးမားတဲ့ သင်ခန်းစာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အမှားသံသရာ သင်ခန်းစာကြီးကိုပဲ   ဒီနေ့အထိ တစိုက်မတ်မတ်ဆုပ်ကိုင်ထားနေကြဆဲပါ။ ဒါဟာ ဒီနေ့နိုင်ငံမှာဖြစ်နေတဲ့ ပြဿနာရဲ့အဖြေကို  ရှာလို ခြင်းထက် အတ္တတွေ၊  အာဃာတတွေ၊ လက်စားချေ လိုစိတ်တွေ    လွန်ကဲနေလို့ဆိုတာ   နှစ်ပေါင်း ဆယ်စုနှစ်များစွာအတွင်း တွေ့ခဲ့ရပြီးပါပြီ။  ဒီလို စိတ်ထား   အမြစ်တွယ်နေလို့လည်း  မဆုံးနိုင်တဲ့ တိုက်ခိုက်မှုတွေ၊  ပဋိပက္ခတွေ၊   ပျက်စီးမှုတွေ ကြုံခဲ့ခံစားခဲ့ရပြီး၊ ကြုံတွေ့နေရဆဲအခြေအနေပါ။ အခုလည်း NUG အနေနဲ့   ဒီလမ်းစဉ်ကိုပဲ  ထပ်မံ အသုံးပြုနေပြန်ပါတယ်။

 


NUG အနေနဲ့ နိုင်ငံရေးရည်မှန်းချက်အနေနဲ့ ဖက်ဒရယ်ရရှိရေး၊ ဒီမိုကရေစီရရှိရေးဆိုပြီး တဖွဖွ ပြောနေပေမယ့် လက်တွေ့မှာ NLD လက်ထက် အာဏာရရှိတဲ့အချိန်ကတောင် အကောင်အထည် ဖော် မပေးခဲ့ပါဘူး။ အာဏာအလုံးစုံရရှိရေးကိုသာ တစိုက်မတ်မတ်    လုပ်ဆောင်ခဲ့တာ     ပြီးခဲ့တဲ့ ငါးနှစ်က သက်သေပါပဲ။ အခု NUG အနေနဲ့လည်း နိုင်ငံရေး ရည်မှန်းချက်တွေ၊ မျှော်မှန်းချက်တွေ ဆိုတာထက်    ၎င်းတို့     အာဏာရရှိရေးကသာ ၎င်းတို့ရဲ့ ရည်မှန်းချက်  အစစ်အမှန်ပဲ ဖြစ်ပါတယ်။ ဒီနေ့ အထိလည်း      နိုင်ငံရေးရည်မှန်းချက်ကို လက်တွေ့အကောင်အထည်   မပြနိုင်သေးပါဘူး။  ဆိုးကျိုးတွေပဲ  ဆက်တိုက်ဖြစ်နေပါတယ်။

 


အဖျက်လုပ်ငန်းတွေ


NUG   စတင်ဖွဲ့ပြီးချိန်ကစလို့   ဒီကနေ့အထိ နိုင်ငံနဲ့ပြည်သူအတွက်ဆိုပေမယ့် အဖျက်လုပ်ငန်း တွေလုပ်တာ၊ ငွေရှာဖွေတာတွေပဲ  မြင်တွေ့နေရပါ တယ်။ ပြည်သူတွေ ကိုဗစ် - ၁၉ ကူးစက်မှုတွေနဲ့ နပန်းလုံးနေရချိန်မှာ ကိုဗစ်ကာကွယ်ဆေးတွေရ တော့မယ်၊  ကာကွယ်ဆေးတွေထိုးပေးမယ်လို့   ပြောခဲ့တာ  မှတ်မိဦးမယ်ထင်ပါတယ်။  ပညာရေး အတွက် ဘယ်လိုလုပ်ပေးမယ်ဆိုတဲ့   မျှော်လင့်ချက် တွေ လည်းပေးခဲ့ပါတယ်။ ကိုဗစ် ကာကွယ်ဆေးတွေ ရခဲ့ပါသလား၊ ဘယ်သူတွေကို ကာကွယ်ဆေးထိုး ပေးနိုင်ခဲ့ပါသလဲ၊ ပညာရေးရော အကောင်အထည် ဖော်နိုင်ပါသလား။ ပြည်သူတွေအတွက် အကျိုးပြု နိုင်ခဲ့ပါသလား။    ကိုဗစ်ကာကွယ်ဆေးထိုးမယ့် ပြည်သူတွေကိုတောင်     ကာကွယ်ဆေးမထိုးဖို့  လှုံ့ဆော်ခဲ့ တာကြောင့်  ကိုဗစ်တတိယလှိုင်းမှာ  ပြည်သူတွေ ဘယ်လောက်ထိခိုက်     နစ်နာခဲ့ရသလဲ ဆိုတာ မျက်မြင်ပါပဲ။ ဒါကိုကြည့်ရင် ပြည်သူတွေ အကျိုး တကယ်လိုလားတာထက်    ပြည်သူ့အကျိုး ကို ဖျက်ဆီးနေတာလို့ပဲ မြင်မိပါတယ်။  ပြည်သူကို တကယ်ချစ်ရင်၊ ပြည်သူ့အကျိုးတကယ်လိုလားရင်၊ ပြည်သူ့အကျိုးဖော်ဆောင်လိုရင် ပြည်သူကိုဗဟိုပြု စဉ်းစားပေး၊ လုပ်ဆောင်ပေးဖို့ လိုပါတယ်။

 


ဒါ့အပြင် အစိုးရရဲ့လုပ်ငန်းယန္တရားတွေ ရပ်ဆိုင်း ဖို့ဆိုပြီး   နိုင်ငံ့ဝန်ထမ်းတွေကို   အသုံးချခဲ့တာ လက်တွေ့မှာ  ဘယ်သူတွေ  ထိခိုက်နစ်နာစေသလဲ သိဖို့လိုအပ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေကို NUG အနေနဲ့ ဘယ်လောက်အထိ တာဝန်ယူ၊ တာဝန်ခံနိုင် ခဲ့သလဲ။ ဝန်ထမ်းတွေ  CDM  လုပ်တာဟာ  နိုင်ငံ အတွက် တိုက်ပွဲဝင်တာလို့  ပြောဆိုကြ၊  တိုက် တွန်းကြ၊ ဖိအားပေးကြ၊ အကြမ်းဖက် တိုက်ခိုက်နေ တာ   ဒီနေ့အထိပါ။  ဒီလိုလုပ်လိုက်တဲ့အတွက် အရင်ဦးဆုံး ဘယ်သူတွေထိခိုက်နစ်နာသွားသလဲဆိုတာနဲ့  ဘယ် လောက် အထိအောင်မြင်သလဲဆိုတာ NUG အနေနဲ့  ပြန်လည်သုံးသပ်ဖို့  သင့်ပါတယ်။ အခုလို ကိုဗစ်ကာလမှာ CDM လုပ်လိုက်လို့ အခက် အခဲပေါင်းစုံနဲ့ ကျပ်တည်းသွားကြတဲ့ ဝန်ထမ်းတွေ၊ အကြမ်းဖက်သတ်ဖြတ်ခံရလို့ သေဆုံးသွားတဲ့သူ တွေကို NUG အနေနဲ့ ဘယ်လောက် တာဝန်ယူနိုင်ခဲ့ သလဲဆိုတာ ပြန်စဉ်းစားဖို့လိုပါပြီ။ လူမှုမီဒီယာတွေ မှာ CDM ဝန်ထမ်းတွေကိုပေးဖို့ ငွေကြေးအလှူခံနေ တာတွေ တွေ့ရပါတယ်။ ပြည်သူလူထုဆီက အလှူခံ ပြီးပေးနေတော့ လူထုပဲထပ်ပြီး ဒုက္ခပေးနေသလို ပါပဲ။ CDM လုပ်ကြတော့ ဝန်ထမ်းတွေ၊ အလှူငွေ ထည့်ခိုင်းတော့  ပြည်သူလူထုဆိုတော့   NUG ရဲ့ လုပ်ဆောင်ချက်ဟာ ငါးကြင်းဆီနဲ့ငါးကြင်းကြော် နေပြီး နာမည်ကောင်းနဲ့ အခွင့်အရေးတွေကိုတော့ သူတို့ကသာ ယူနေတယ်လို့ သုံးသပ်ရမှာပါ။ NUG က ပြည်သူလူထုကို ချစ်တယ်ဆိုတာ  အသုံးချဖို့ ချစ်နေသလိုပါပဲ။

 


နည်းလမ်းပေါင်းစုံနဲ့  ငွေကြေးရှာနေ


လူထုအတွက်ဆိုပြီး NUG က နည်းလမ်းပေါင်း စုံနဲ့  ငွေကြေးရှာနေတဲ့ကိစ္စဟာလည်း  မဖြစ်သင့် ပါဘူး။ နွေဦးထီဆိုပြီး လူထုဆီကငွေတွေကို ရယူ ပါတယ်။ လူထုဆီက အခွန်ကောက်ခံပြီး ငွေရှာနေ တာဟာ ဆက်ကြေးကောက်သလိုဖြစ်နေပါတယ်။  အခုဆိုရင်  ငွေတိုက်စာချုပ်ဆိုပြီး   လူထုဆီကပဲ ငွေရှာပါတယ်။ နိုင်ငံတကာမှာရှိတဲ့သူတွေဆီကနေ အလှူခံပါတယ်။  အဆိုးဆုံးကတော့  အနောက် အင်အားကြီးနိုင်ငံတွေနဲ့ OIC ကနေ  ထောက်ခံမှု ရဖို့နဲ့ ငွေကြေးအကူအညီတွေရဖို့ ဘင်္ဂါလီတွေကို အခွင့်အရေးပေးဖို့  လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ရသမျှနည်းလမ်းပေါင်းစုံနဲ့ ပြည်သူတွေဆီက ရှာ၊ နိုင်ငံတကာကရှာနဲ့ ရှာနေတာဟာ  တော်လှန်ရေး အတွက်လား ကိုယ်ကျိုးအတွက်လား ဆိုတာလည်း ဆန်းစစ်ကြဖို့လိုပါတယ်။ လူထုဆီကိုတော့ NUG ရဲ့ ဝေဒနာတွေပဲ ရောက်လို့လာနေပါတယ်။

 


အဲဒီလိုနည်းလမ်းပေါင်းစုံသုံးပြီး      ငွေရှာတဲ့ နည်းလမ်းကို NLD  လက်ထက်မှာလည်း  လုပ်ခဲ့ပါ တယ်။   အခွန်အကောက်တွေ  တိုးကောက်တာ၊ မီးခွန်တွေတိုးလိုက်တာတွေကို  မှတ်မိကြဦးမယ် ထင်ပါတယ်။     နိုင်ငံအတွက်    လူထုအနေနဲ့ အခွန်ဆောင်ကြရမယ်၊   အခွန်ထမ်းရမယ်ဆိုတာ နားလည် လက်ခံပါတယ်။     ဒါဟာ  နိုင်ငံသား တစ်ယောက်ရဲ့ တာဝန်ဖြစ်ပါတယ်။  ဒါပေမယ့် ပြည်သူလူထုဆီကရလာတဲ့  အခွန်ဘဏ္ဍာငွေတွေ ဆိုတာ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးအတွက်ပဲ ဖြစ်ရ မှာပါ။ တကယ်ရော ဖြစ်ခဲ့ကြသလား။ အခုလည်း NUG က ရသမျှနည်းလမ်းပေါင်းစုံနဲ့  ရှာနေတဲ့ငွေတွေ က ပြည်သူ့အကျိုးစီးပွားအတွက်  ရည်ရွယ်တာ ဖြစ်နိုင်ပါ့မလား။

 


ပိုမိုဆိုးရွားစေ


NUG အနေနဲ့ ပြည်တွင်းပြည်ပက ရလာတဲ့ ငွေကြေးတွေနဲ့      တော်လှန်တိုက်ခိုက်နေတယ် ဆိုတော့ ဘယ်သူတွေကို ဦးတည်နေသလဲဆိုတာ ထင်ရှားနေပါတယ်။ အစိုးရတစ်ရပ်ကို တော်လှန် တယ်ဆိုပေမယ့် လက်တွေ့မှာ တိုက်ခိုက်ခံ၊ အကြမ်း ဖက်ခံနေကြရတာက  လူထုနဲ့ဝန်ထမ်းအများစုပါ။ NUG ရဲ့  တော်လှန်ရေးဟာ   တော်လှန်ရေးအသွင် ဆောင်မလာဘဲ    အကြမ်းဖက်အသွင်ဆောင်လာ ပါတယ်။ လက်နက်မဲ့ ပြည်သူတွေ၊ ဝန်ထမ်းတွေ ကို အကြမ်းဖက်သတ်ဖြတ်နေတာ NUG ရဲ့ ရည်မှန်း ချက်လား၊ တော်လှန်ရေးလား ဝေဝါးနေပါတယ်။ နောက်ဆုံးတော့      ပြည်သူလူထုအတွက်လို့ ဘယ်လောက်ပဲဆိုဆို  အဓိကခံစားရတာကတော့ ပြည်သူလူထုရဲ့အသက် အိုးအိမ်စည်းစိမ်တွေပါပဲ။ အကြမ်းဖက်ပြီး လူထုကိုထိခိုက်စေတဲ့နည်းလမ်း တွေဟာ   လက်ရှိဖြစ်နေတဲ့   နိုင်ငံရေးအကျပ် အတည်းတွေကို ပြေလည်ဖို့ဆိုတာထက် ပိုမိုဆိုးရွား နေစေပါတယ်။

 


နိုင်ငံရေးပြဿနာတွေ ပြေလည်စေချင်တယ် ဆိုရင်      ရွေးချယ်စရာနည်းလမ်းတွေရှိနေဆဲပါ။ လူထုကိုမထိခိုက်စေတဲ့နည်းလမ်းတွေ ရှိပါတယ်။ ရွေးချယ်လို့လည်း  ရပါတယ်။  နိုင်ငံရေးပြဿနာကို လူထုမထိခိုက်စေတဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ မကြိုးစားဘဲနဲ့ အကြမ်းဖက်တိုက်ခိုက်နေတာဟာ ဖြေရှင်းရေးလိုချင်တာလား၊  ပျက်သုဉ်းရေးလိုချင် တာလား ဆန်းစစ်ရမှာပါ။ ဒါ့အပြင် အခုလို အကြမ်း ဖက်နည်းလမ်းဟာ ကောင်းကျိုးထက် ဆိုးကျိုးတွေ နဲ့ အကျပ်အတည်းတွေကို ပိုမိုဖြစ်နေစေပါတယ်။ 

 


မှန်ကန်တဲ့နည်းလမ်းဆိုတာ


နိုင်ငံရေးအသွင်ပြောင်းဖို့အတွက်   နိုင်ငံရေး သဘောတရားတွေ၊ အတွေ့အကြုံ တွေ လိုအပ်သလို ကိုယ်ကိုယ်တိုင်ရဲ့အခြေအနေကိုလည်း ထည့်သွင်း စဉ်းစားကြရမှာပါ။  နိုင်ငံရဲ့အခြေအနေ၊  ပြည်သူ လူထုရဲ့အခြေအနေတွေကို    အခြေခံမစဉ်းစားဘဲ နဲ့   ဆန္ဒစွဲတွေနောက်လိုက်နေရင်  ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး   ဆေးကြောင့်လေးဆိုတာလို   မလို လားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နေပါတယ်။ မှန်ကန်တဲ့နည်းလမ်းဆိုတာ ကိုယ့်အတွက်လည်း အဆင်ပြေ    အများအတွက်လည်း    အဆင်ပြေတဲ့ နည်းလမ်း ဖြစ်ရပါလိမ့်မယ်။

 


ဖြစ်နေတဲ့   နိုင်ငံရေးပြဿနာတွေ ဖြေရှင်းဖို့  အတွက် အရှိတရားတွေထက် ငါစွဲတွေ ဖက်တွယ် ထားရင်   အဝိဇ္ဇာတွေဖုံးလွှမ်းပြီး    ဖြေရှင်းရမယ့်  နည်းလမ်းအမှန်  မမြင်နိုင်ဘဲ   ကိုယ်တိုင်လည်း ဆိုးကျိုးဖြစ်၊ အများပြည်သူအတွက်လည်း ဆိုးကျိုး တွေ ဆက်ကာဆက်ကာဖြစ်စေမှာပဲ ဖြစ်ပါတယ်။ ဒါဟာ ပြဿနာဖြေရှင်းရေး မှန်ကန်တဲ့ နည်းလမ်း ရွေးချယ်မှုလို့ မဆိုနိုင်ပါဘူး။ ပျက်သုဉ်းရေးနည်းလမ်း သာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုကို ထိခိုက် ဆုံးရှုံးရတဲ့ အမှားတွေမြင်ပြီး အချိန်မီ  အမှန်ပြင်ဖို့ လိုအပ်နေပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။