ဖိလစ်ပိုင် တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူဦးရေ ၂၀၀ ကျော်အထိရှိလာ

 

 

မနီလာ  ဒီဇင်ဘာ  ၂၀
ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း  “ရိုင်”  ကြောင့်  သေဆုံးသူဦးရေမှာ ၂၀၀ ကျော်အထိ ရှိလာကြောင်း ဖိလစ်ပိုင်အမျိုးသားရဲဌာနက ပြောသည်။  ဒီဇင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် စီဘူးကျွန်းအပါအဝင် ဖိလစ်ပိုင်အလယ်ပိုင်း    အခြားသောနေရာများကို အင်အားပြင်းထန်သည့်      မုန်တိုင်းတိုက်ခတ်ခဲ့ပြီး နေအိမ်များပျက်စီးခဲ့သည်။ 
ထို့ပြင် နေရာအတော်များများတွင် ရေကြီးမှုများ လည်း ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။  စီဘူးကျွန်းနှင့် ဘိုဟိုကျွန်းတို့တွင် လူပေါင်း ၂၀၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ စာသင်ကျောင်းများနှင့် အခြားသော ခိုလှုံရာနေရာများတွင်    နေထိုင်နေရသူ ပေါင်း ၁၈၀၀၀၀ ကျော်ရှိသည်ဟုလည်း  သိရသည်။ ဝေးလံသည့်ကျွန်းများတွင် ပျက်စီးဆုံးရှုံးမှုအတိအကျ ကို   မသိရသေးကြောင်း     နိုင်ငံ၏ သဘာဝဘေး အေဂျင်စီက ပြောသည်။ 
မုန်တိုင်းဒဏ်ခံဒေသများသို့ ရေ ၊ အစားအသောက်၊ တဲနှင့်   အခြားသောပစ္စည်းများ   ခွဲဝေပေးနိုင်ရေး အတွက် အမေရိကန်ဒေါ်လာသန်း ၄၀ ခွဲဝေချထား ကြောင်း ဒီဇင်ဘာ ၁၉ ရက်တွင် အစိုးရကပြောသည်။
သို့သော်လည်း မုန်တိုင်းကြောင့်  အချို့သော နေရာများတွင် လမ်းများပြတ်တောက်မှုဖြစ်ပေါ်နေသည့်အတွက်     ကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်အကူအညီများပေးရန်     အဟန့်အတား များနှင့်   ကြုံတွေ့နေရသည်။        အင်န်အိတ်ချ်ကေ