ဖိလစ်ပိုင်အက်ဖ်ဒီအေက ရုရှားကိုဗစ်-၁၉ ကာကွယ်ဆေး  စပွတ်နစ်လိုက်တ်ကို အရေးပေါ်အသုံးခွင့်ပြု 

 

မနီလာ သြဂုတ် ၂၃  


ဖိလစ်ပိုင်အစားအစာနှင့် ဆေးဝါး စီမံခန့်ခွဲရေးဌာန  (အက်ဖ်ဒီအေ) သည်  ရုရှား ကိုဗစ်-၁၉ ကာကွယ် ဆေးထုတ်လုပ်သူ  ဂါမာလယ်ယာ အင်စတီကျူ၏  စပွတ်နစ်လိုက်တ် ကိုဗစ်-၁၉   ကာကွယ်ဆေးကို အရေးပေါ်      အသုံးပြုခွင့်ပေးခဲ့ ကြောင်း အဆိုပါဌာန၏ ညွှန်ကြား ရေးမှူးချုပ်  အန်းရစ်ဒိုမင်ဂိုက သြဂုတ် ၂၃ရက်က   ပြောကြား လိုက်သည်။
ကာကွယ်ဆေး  ဝယ်ယူရေး တာဝန်ခံအရာရှိ  ကာလီသိုဂါဗက် က    တစ်ကြိမ်သာထိုးနှံရမည့် စပွတ်နစ်လိုက်တ်   ကိုဗစ်-၁၉ ကာကွယ်ဆေးကို  အတည်ပြုခြင်း က အစိုးရ၏ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးရေးလှုပ်ရှားဆောင်ရွက်မှုကို  ပိုမိုအရှိန်အဟုန်မြန်ဆန်စေမည်ဖြစ်ကြောင်း   ပြောကြားခဲ့ သည်။ 
မတ်လက  ဖိလစ်ပိုင်  အစား အစာနှင့်   ဆေးဝါးစီမံခန့်ခွဲရေး ဌာနက နှစ်ကြိမ်ထိုးရမည့် ရုရှား ကိုဗစ်-၁၉      ကာကွယ်ဆေး စပွတ်နစ်ဗွီကို  အရေးပေါ်အသုံးပြု ခွင့်ပြုခဲ့သည်။ 
ဖိလစ်ပိုင်နိုင်ငံသည်    ဆိုင်နို ဗက်၊  ဆီနိုဖမ်း၊  အက်စ်ထရာ ဇနီကာနှင့်  ဖိုက်ဇာအပါအဝင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို လည်း  အရေးပေါ်အသုံးပြုခွင့်ပေးခဲ့သည်။ 
ဖိလစ်ပိုင်အစိုးရသည် ကိုဗစ်-၁၉ ကာကွယ်ဆေး   သန်း ၃၀ ကျော်ထိုးပေးပြီးဖြစ်သည်။ လူဦး ရေ ၁၃ သန်းကျော်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝထိုးပေး ပြီးဖြစ်သည်။ အစိုးရသည် ယခုနှစ် တွင် ပြည်သူ သန်း ၇၀ ကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေး ရန်  ရည်မှန်းထားကြောင်း  သိရ သည်။ 
ဖိလစ်ပိုင်နိုင်ငံတွင် သြဂုတ် ၂၃ ရက်က ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၁၈၃၃၂ ဦးတိုးလာခဲ့ပြီး တစ်နေ့တည်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ စံချိန်တင်တိုးလာခြင်းဖြစ်ကြောင်း သိရသည်။ ဖိလစ်ပိုင် နိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြု ကူးစက်ဖြစ်ပွားသူပေါင်း ၁ ဒသမ ၈၅ သန်းကျော် လွန်ရောက်ရှိလာ ပြီး ၃၁၉၆၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။               
       ဆင်ဟွာ