
မနီလာ ဒီဇင်ဘာ ၂၀
ဖိလစ်ပိုင်နိုင်ငံ၌ ဒီဇင်ဘာ ၂၀ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၂၆၃ ဦးတိုးလာပြီးနောက် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂၈၃၇၇၃၀ အထိရှိလာခဲ့ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာန (ဒီအိုအိတ်ချ်) က သတင်းထုတ်ပြန်ဖော်ပြလိုက်သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကြောင့် ၄၅ ဦးထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ဖြင့် သေဆုံးသူပေါင်း ၅၀၇၈၄ ဦး အထိရှိလာခဲ့သည်။
ကိုဗစ်-၁၉ နှင့် ရင်ဆိုင်နေရသူ အရေ အတွက် ၉၅၉၂ ဦးအထိ လျော့နည်း ကျဆင်းခဲ့သည်။ လွန်ခဲ့သောနှစ် ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှစကာ ဖိလစ်ပိုင် နိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု လှိုင်းသုံးခုရိုက်ခတ်ခြင်းကို ခံခဲ့ရ သည်။
နောက်ဆုံး ကိုဗစ်-၁၉ လှိုင်းသည် စက်တင်ဘာလတွင် မြင့်တက်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်နေ့ တစ်နေ့တည်း ကိုဗစ်-၁၉ ဖြင့်သေဆုံးသူ ၂၆၃၀၃ဦးဖြင့် တစ်နေ့တည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား နှုန်းအမြင့်ဆုံး ဖြစ်ခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၌ တတိယမြောက် အိုမီခရွန်ဗိုင်းရပ်စ်သစ်ကူးစက်ခံထားရသူတစ်ဦးကို စမ်းသပ်တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဆိုင်ရာ အကြီးအကဲ မာရီ ယာရိုဆာရီယိုဗာဂျီရီက အွန်လိုင်းသတင်း ရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောခဲ့သည်။
အရှေ့တောင် အာရှနိုင်ငံတစ်နိုင်ငံ ဖြစ်သော ဖိလစ်ပိုင်နိုင်ငံ၌ လူဦးရေ သန်း ၁၁၀ ရှိသည့်အနက် ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးပြီးသူပေါင်း ၂၃ သန်း ကျော်လွန်လာပြီဖြစ်သည်။
ဆင်ဟွာ