
မနီလာ နိုဝင်ဘာ ၂၉
ဖိလစ်ပိုင်နိုင်ငံသည် တောင်အာဖရိက၌ စတင်တွေ့ရှိ သည့် အိုမီခရွန်ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများကို ကြိုတင်ကာကွယ်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသည့် နိုင်ငံခြားသား ခရီးသွားများအား နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုမည့် ဆုံးဖြတ်ချက်ကို ယာယီရပ်ဆိုင်းလိုက်ကြောင်း ယနေ့ သတင်းများအရ သိရသည်။
ကူးစက်ပျံ့နှံ့လျက်ရှိ
လက်ရှိတွင် ဖိလစ်ပိုင်နိုင်ငံ၌ တောင်အာဖရိက၌ စတင်တွေ့ရှိသည့် အိုမီခရွန်ဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှု မရှိသေးသော်လည်း အဆိုပါ အိုမီခရွန်ဗိုင်းရပ်စ်သည် ကမ္ဘာ့နိုင်ငံတချို့၌ ကူးစက် ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံသည် နိုင်ငံအများစုမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးသည့် ခရီးသွားများ အား ဒီဇင်ဘာ ၁ ရက်မှစတင်ကာ နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုမည့် အစီအစဉ်တစ်ရပ်ကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ် သည်။
သို့ရာတွင် ဖိလစ်ပိုင်နိုင်ငံအစိုးရ၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာလုပ်ငန်းအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်တက်နေသည့် ဥရောပနိုင်ငံများမှ လေကြောင်းလိုင်းများကို ရပ်ဆိုင်းခဲ့သည့်အပြင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ် ရန် အာဖရိကနိုင်ငံအများစုမှ လေကြောင်းလိုင်းများ ကိုလည်း ပိတ်ပင်တားမြစ်ခဲ့ကြောင်း သိရသည်။
ကိုးကား-စီအင်န်အေ
ဘာသာပြန်-အလင်းသစ်