
မနီလာ စက်တင်ဘာ ၄
ဖိလစ်ပိုင်နိုင်ငံ၌ လွန်ခဲ့သော တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၇၄၁ ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၂၀၆၁၀၈၄ ဦးရှိလာကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်သည်။
အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ၁၈၉ ဦးထပ်မံသေဆုံးခဲ့ရာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကြောင့် သေဆုံးသူပေါင်း ၃၄၀၆၂ ဦးရှိပြီဖြစ်သည်။
အဆိုပါ ကူးစက်မှုအရေအတွက်သည် နိုင်ငံ အတွင်း ကိုဗစ်-၁၉ ရောဂါစတင်ကူးစက်ပျံ့နှံ့ခဲ့ သော ပြီးခဲ့သည့်နှစ် ဇန်နဝါရီလနောက်ပိုင်း နေ့စဉ်ကူးစက် မှုအရေအတွက် ဒုတိယအများဆုံးဖြစ်သည်။ ဩဂုတ် ၃၀ ရက်တွင် နေ့စဉ်ကူးစက်မှုအရေအတွက် ၂၂၃၆၆ ဦးတွေ့ရှိကာ နေ့စဉ်ကူးစက်မှုအရေအတွက် အများ ဆုံးဖြစ်သည်။
လူဦးရေ သန်း ၁၁၀ ရှိသည့် ဖိလစ်ပိုင်နိုင်ငံ၌ ၁၇ ဒသမ ၅ သန်းကျော်အား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အောင်ကျော်ကျော်