
မနီလာ ဇူလိုင် ၂၅
ဖိလစ်ပိုင်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်- ၁၉ ရောဂါကူးစက်ခံရသူ ၅၄၇၉ ဦးထပ်မံစစ်ဆေး တွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ပေါင်း ၁၅၄၈၇၅၅ ဦးရှိလာကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန် သည်။
အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ၉၃ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူ ပေါင်း ၂၇၂၂၄ ဦးရှိလာသည်။
သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ၅၅၇၃ ဦး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသည့်အတွက် ဆေးရုံများမှ ပြန်လည်ဆင်းသွားခဲ့ရာ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၁၄၆၇၂၆၉ ဦး ရှိလာ ပြီဖြစ်သည်။
လူဦးရေ သန်း ၁၁၀ ဝန်းကျင်ရှိသည့် ဖိလစ်ပိုင် နိုင်ငံ၌ ပြည်သူ ၁၅ သန်းကျော်အား ရောဂါ ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်ပြီးဖြစ်သည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်