
မနီလာ ဇူလိုင် ၅
ဖိလစ်ပိုင်နိုင်ငံတွင် လေတပ် သယ်ယူပို့ဆောင်ရေး လေယာဉ် ဂျိုလိုကျွန်းတွင် ဆင်းသက်ရန် ကြိုးပမ်းနေစဉ်အတွင်း ပျက်ကျ မှုဖြစ်ပွားခဲ့ရာ လူ ၅၀ သေဆုံး ခဲ့သည်ဟု သိရသည်။
C-130 လေယာဉ်မှာ ကျွန်းပေါ်ရှိ လေဆိပ် လေယာဉ် ပြေးလမ်းနှင့် လွဲချော်မှုဖြစ်ပွား ခဲ့ပြီး ကီလိုမီတာအနည်းငယ် အကွာရှိ တောင်ကုန်းကို ဝင်တိုက် မိသွားသည်ဟု အမျိုးသား ကာကွယ်ရေးဌာနက ပြောကြား သည်။
လေယာဉ်ပေါ်တွင် လေ ယာဉ် အမှုထမ်းများနှင့် တပ်ဖွဲ့ဝင်များ အပါအဝင် လူပေါင်း ၉၀ လိုက်ပါလာခဲ့သည်။ ဂျိုလိုကျွန်းနှင့် အနီးအနားရှိကျွန်း များမှာ အစ္စလာမ္မစ်စစ်သွေးကြွ အုပ်စုဖြစ်သည့် အဘူဆေယက် အုပ်စု လွှမ်းမိုးမှုအောက်တွင် ရောက်ရှိနေသည်။
လေယာဉ် ပေါ်တွင်လိုက် ပါလာသည့် တပ်ဖွဲ့ဝင်များမှာ သူပုန်များကိုနှိမ်နင်းရေး တန်ပြန် စစ်ဆင်ရေးတွင် ပူးပေါင်းပါဝင် ရန် လိုက်ပါလာကြသူများ ဖြစ်ကြသည်။
အင်အိတ်ချ်ကေ