ဖိလစ်ပိုင်နိုင်ငံ၌ ကာကွယ်ဆေးအပြည့် ထိုးပြီးသည့် နိုင်ငံခြားခရီးသွားများအတွက် အသွားအလာကန့်သတ်စောင့်ကြည့်မှု ဖယ်ရှားပေး

 

မနီလာ အောက်တိုဘာ ၁၅


 တရုတ်နိုင်ငံအပါအဝင်  နိုင်ငံပေါင်း ၄၀ ကျော်မှ ဖိလစ်ပိုင်နိုင်ငံသို့ လာရောက်မည့် ကာကွယ်ဆေးအပြည့်ထိုးပြီးသား ခရီးသွားများ အတွက် အသွားအလာစောင့်ကြည့်ကန့်သတ်မှုကို   ဖယ်ရှားပေး မည်ဟု  ဖိလစ်ပိုင်သမ္မတရုံးမှ   ပြောရေးဆိုခွင့်ရှိသူ  ဟယ်ရီရို့က အောက်တိုဘာ ၁၅ ရက်တွင် ပြောသည်။

 


တရုတ်နိုင်ငံနှင့်  ကူးစက်မှုနည်းပါးသည့်နိုင်ငံများမှ လာမည့် ခရီးသွားများအတွက်  အသစ်ထုတ်ပြန်လိုက်သည့်  စည်းမျဉ်းမှာ အောက်တိုဘာ ၁၆ ရက်မှစ၍  စတင်အသက်ဝင်လာမည် ဖြစ်သည်။  ကာကွယ်ဆေးအပြည့်ထိုးပြီးသား   နိုင်ငံသားများအတွက်    နိုင်ငံ အတွင်းမှ  မထွက်ခွာမီ ၇၂ နာရီအတွင်း ကိုဗစ် - ၁၉ ကင်းစင် ကြောင်း ဆေးစစ်ချက်ရယူရမည်ဖြစ်သည်။

 


  ပြည်ပမှ ဝင်ရောက်လာမည့်ခရီးသွားများအတွက်  အသွား အလာ စောင့်ကြည့်ကန့်သတ်မှုစင်တာတွင် ကာလရှည်ကြာနေထိုင် ရန်   မလိုအပ်တော့ပေ။   သို့သော်လည်း  ခရီးသွားများအနေဖြင့် ၁၄ ရက်တာကာလအတွင်း  မည်သည့်ရောဂါလက္ခဏာများပြသည် ကို သတိထား၍ စောင့်ကြည့်ရန် တိုက်တွန်းထားသည်။
၂၀၂၀ ပြည့်နှစ်   မတ်လအတွင်း   အစိုးရက   အသွားအလာ ကန့်သတ်မှု ချမှတ်ပြီးနောက် နယ်စပ်ထိန်းချုပ်မှု အစိတ်အပိုင်း အဖြစ်   နိုင်ငံခြားခရီးသွားများ ဖိလစ်ပိုင်နိုင်ငံအတွင်းသို့ ဝင်ရောက် ခွင့်ကို ပိတ်ထားခဲ့သည်။                                          

 ဆင်ဟွာ