
မနီလာ အောက်တိုဘာ ၁၈
ဖိလစ်ပိုင်နိုင်ငံတွင် အောက်တိုဘာ ၁၈ ရက်က ကိုဗစ်-၁၉ ထပ်မံ ကူးစက်သူ ၆၉၄၃ ဦး တိုးလာပြီးနောက် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၂၇၂၇၂၈၆ ဦးအထိ ရှိလာကြောင်း ဖိလစ်ပိုင်ကျန်းမာရေး ဝန်ကြီးဌာန (ဒီအိုအိတ်ချ်) က သတင်းထုတ်ပြန် ဖော်ပြလိုက်သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကြောင့် ၈၆ ဦးထပ်မံသေဆုံးမှုနှင့် အတူ စုစုပေါင်း သေဆုံးသူပေါင်း ၄၀၇၆၁ ဦးအထိရှိလာခဲ့သည်။
ဒေသတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ ကျဆင်း လာသောကြောင့် မြို့တော်မနီလာ တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုနှုန်းအကျဘက်သို့ ရောက်ရှိလာ ပြီး ယခင်သီတင်းပတ်ကထက် ၂၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အကြီး အကဲ မာရီယာရိုဆာရီယို ဗာဂျရီ က ပြောသည်။
ဒေသအများစုတွင် သီတင်း ပတ်နှစ်ပတ်ဆက်တိုက် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားနှုန်းသည် အနုတ်လက္ခဏာပြခဲ့ပြီး နိုင်ငံ အတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေလည်း ကျဆင်းခဲ့ သည်။
ဧပြီမှစကာ နေ့စဉ်နိုင်ငံ အတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၀၀ ရှိခဲ့ကြောင်းနှင့် သြဂုတ်လက ကိုဗစ်-၁၉ ဖြင့် သေဆုံးသူအရေအတွက် ၅၀၅၅ ဦး သို့မဟုတ် နေ့စဉ်သေဆုံးသူ ၁၆၃ ဦးဖြင့် အမြင့်ဆုံးစံချိန်တင် ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ကိုဗစ်-၁၉ ကြောင့် အထိနာ ခဲ့သော စီးပွားရေးကို ဘေးအန္တရာယ် ကင်းကင်းဖြင့် တဖြည်းဖြည်း ပြန်လည်ဖွင့်လှစ် လာသဖြင့် လှုပ်ရှားရုန်းကန်မှု များလည်း မြင့်တက်လာသည်။
နေ့စဉ် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုသည် စက်တင်ဘာ ၁၁ ရက်က ၂၆၃၀၃ ဦးဖြင့် အမြင့်ဆုံး ဖြစ်ခဲ့သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနှုန်းသည် တဖြည်း ဖြည်းအကျဘက်သို့ ရောက်ရှိလာ ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနအကြီးအကဲဖြစ်သူ မာရီယာ ရိုဆာရီယိုဗာဂျရီက ပြောသည်။
ထို့အတူ ဆေးရုံတက်ရောက် ကုသသူဦးရေလည်း ကျဆင်းလာ ကြောင်း ၎င်းက ပြောသည်။ စီးပွားရေးလုပ်ငန်းများ ပိုမိုဖွင့်လှစ် လာခြင်းဖြင့် ယခုသီတင်းပတ် အကုန်မှစကာ ကန့်သတ်ပိတ်ဆို့ မှုများကို ဖြေလျှော့ပေးခဲ့ သည်။
ဒယ်လ်တာ ဗီဇပြောင်း မျိုးစိတ်သစ်များကို ပိုမိုတွေ့ရှိလာ ခဲ့ကြောင်းနှင့် နိုင်ငံအတွင်း ယင်းမျိုးစိတ်သစ် ကူးစက်သူ ၄၄၃၁ ဦးရှိကြောင်း ဗာဂျရီက ပြောသည်။
အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သော ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေသန်း ၁၁၀ ရှိသည့်အနက် ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးပြီး သူပေါင်း ၂၀ ဒသမ ၅ သန်းကျော် ရှိလာပြီဖြစ်သည်။
ဆင်ဟွာ