ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အနိမ့်ဆုံးဖြစ်

 

 

မနီလာ အောက်တိုဘာ ၅    


ဖိလစ်ပိုင်နိုင်ငံတွင် အောက်တိုဘာ ၅ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၉၀၅၅ ဦး  တိုးလာပြီးနောက်  နိုင်ငံအတွင်း  ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားသူပေါင်း ၂၆၁၃၀၇၀ အထိ ရှိလာခဲ့ကြောင်း  ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာန (ဒီအိုအိတ်ချ်) က သတင်းထုတ်ပြန်ဖော်ပြလိုက်သည်။
ဖိလစ်ပိုင်နိုင်ငံတွင် သြဂုတ် ၁၀ ရက်မှစကာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအနိမ့်ဆုံး ဖြစ်ခဲ့သည်။  အောက်တိုဘာ ၅ ရက်တွင်  ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားမှုအရေအတွက်  သိသိသာသာကျဆင်းလာခြင်းသည်  ဓာတ်ခွဲခန်းရလဒ်  လျော့နည်းခြင်းကြောင့်ဖြစ် ကြောင်းနှင့် ဓာတ်ခွဲခန်း ခုနစ်ခုကလည်း အချက်အလက်များ ပေးပို့ရန် ပျက်ကွက်ခဲ့ ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ လူဦးရေသန်း ၁၁၀ ရှိသော ဖိလစ်ပိုင် နိုင်ငံတွင် ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးပြီး သူပေါင်း သန်း ၂၀ ကျော်လွန်ရောက်ရှိလာပြီ ဖြစ်သည်။                                                            ဆင်ဟွာ