ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂ ဒသမ ၈ သန်းကျော်ရှိလာ

နယူးဒေလီ နိုဝင်ဘာ ၂၅ 


အိန္ဒိယနိုင်ငံ၌  လွန်ခဲ့သော  ၂၄ နာရီအတွင်း  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၁၁၉ ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ  နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၃၄၅၄၄၈၈၂ ဦး အထိ    မြင့်တက်လာကြောင်း    အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန၏    နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။ 
အလားတူ  လွန်ခဲ့သော ၂၄ နာရီအတွင်း  ကိုဗစ်-၁၉ ရောဂါကြောင့်  ၃၉၆ ဦး  ထပ်မံ သေဆုံးခဲ့ရာ   နိုင်ငံအတွင်း၌  အဆိုပါရောဂါ ကြောင့်  သေဆုံးသူပေါင်း ၄၆၆၉၈၀  ရှိလာ သည်။ 


လက်ရှိအချိန်အထိ    ပိုးတွေ့ဆဲလူနာ ၁၀၉၉၄၀ ရှိကြောင်း  သိရသည်။  သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း   ကိုဗစ်လူနာ ၁၀၂၆၄ ဦး    ရောဂါမှ   ပြန်လည်ကျန်းမာ လာသည့်အတွက်     ဆေးရုံများမှပြန်လည် ဆင်းသွားခဲ့ရာ    ကျန်းမာရေးအခြေအနေ ပြန်လည်        ကောင်းမွန်လာသူပေါင်း ၃၃၉၆၇၉၆၂ ဦးရှိကြောင်း  သိရသည်။

 
ကိုးကား- ဆင်ဟွာ 
ဘာသာပြန်- အောင်ကျော်ကျော်