ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂ ဒသမ ၆ သန်းကျော်ရှိလာ

မနီလာ   အောက်တိုဘာ   ၄


ဖိလစ်ပိုင်နိုင်ငံ၌  ယနေ့တွင်  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၀၇၄၈ ဦး ထပ်မံတွေ့ရှိခြင်းကြောင့်  နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၆၀၄၀၄၀ ရှိလာကြောင်း  ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။


ထို့ပြင် ဖိလစ်ပိုင်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉  ရောဂါကြောင့်  သေဆုံးသူ ၆၁ ဦး  ထပ်မံတွေ့ရှိ ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၃၈၈၂၈ ဦးရှိလာကြောင်း သိရသည်။


လက်ရှိတွင် နိုင်ငံလူဦးရေ သန်း ၁၁၀ ရှိသည့် ဖိလစ်ပိုင်နိုင်ငံ၌  နိုင်ငံအတွင်း  ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ စတင်ကာ လက်ရှိအချိန်အထိ လူဦးရေစုစုပေါင်း သန်း ၂၀ နီးပါးအား ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ရှိ၊ မရှိ စမ်းသပ်စစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။


ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေစုစုပေါင်း သန်း ၆၀ ကျော်အသုံးပြုပြီးဖြစ် ကြောင်းနှင့် လူဦးရေ ၂၁ ဒသမ ၈ သန်းကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး ဖြစ်ကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံအစိုးရသည် ယခုနှစ်အတွင်း ပြည်သူသန်း ၇၀ အထိ ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ရန် ရည်ရွယ်  ထားကြောင်း သိရသည်။


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်