ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၂၈၀၅ ဦး ထပ်မံတွေ့ရှိ

မနီလာ   စက်တင်ဘာ   ၂၉


ဖိလစ်ပိုင်နိုင်ငံ၌     ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ  ၁၂၈၀၅ ဦး        ထပ်မံတွေ့ရှိရ သဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ      ကူးစက်ခံရသူပေါင်း ၂၅၃၅၇၃၂   ဦးရှိလာကြောင်း ကျန်းမာရေး    ဝန်ကြီးဌာနက ပြောကြားသည်။ 


နိုင်ငံအတွင်းရှိ ဓာတ်ခွဲခန်းများ မှ နည်းပညာပိုင်းဆိုင်ရာအခက် အခဲများကြောင့်  နေ့စဉ် ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှုများ အနည်း ငယ်သာ   ဆောင်ရွက်နိုင်သဖြင့် နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ အမှန်ဦးရေထက်နည်းပါး နေရခြင်းဖြစ်ကြောင်း သိရသည်။ 


ပြီးခဲ့သောရက်များအတွင်းက      ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ကြောင့်    ၄၈၂ ဦး  သေဆုံးခဲ့ ကြောင်း သိရသည်။ နိုင်ငံအတွင်း လက်ရှိအချိန်၌         ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၃၃ ဦး ထပ်မံတွေ့ရှိခဲ့ရာ    ၃၃၉ ဦးမှာ ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူများဖြစ်သည်။


နိုင်ငံအတွင်း  ဒယ်လ်တာဗီဇ ပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၃၆၆ ဦး၊    ဘီတာဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ     ၂၉၂၀၊ အယ်လ်ဖာဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၅၅၉ ဦးနှင့် ဂန်မာ ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ သုံးဦး   အသီးသီးတွေ့ရှိကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာန မှ   တာဝန်ရှိသူတစ်ဦးဖြစ်သည့် မာရီယာရိုဆာရီယို    ဗာဂျီရီက အွန်လိုင်းမှ ပြုလုပ်သော အစည်း အဝေးတွင်    ပြောကြားသည်။ လူဦးရေ   သန်း ၁၁၀ ဝန်းကျင် ရှိသော ဖိလစ်ပိုင်နိုင်ငံ၌ ၁၉ သန်း ကျော်မှာ  ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ စစ်ဆေးပြီးဖြစ်သည်။ 


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ