ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ထပ်မံကူးစက်သူ ၁၈၀၁၂ ဦးတိုးလာပြီး  စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်သူ ၂၁၂၁၃၀၈ ဦးအထိ ရှိလာ

 

 

မနီလာ  စက်တင်ဘာ   ၇   


ဖိလစ်ပိုင်နိုင်ငံတွင်   စက်တင် ဘာ ၇ ရက်က ကိုဗစ်- ၁၉ ထပ်မံ ကူးစက်သူ   ၁၈၀၁၂ ဦး တိုးလာပြီး နောက် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်သူပေါင်း  ၂၁၂၁၃၀၈  ဦး အထိ    ရှိလာခဲ့ကြောင်း   ဖိလစ် ပိုင်ကျန်းမာရေးဝန်ကြီးဌာန (ဒီအို အိတ်ချ်)က    သတင်းထုတ်ပြန် ဖော်ပြလိုက်သည်။  
အရှေ့တောင်အာရှ   နိုင်ငံ တစ်နိုင်ငံဖြစ်သော    ဖိလစ်ပိုင် နိုင်ငံတွင်    ကိုဗစ်- ၁၉    ကြောင့် နောက်ထပ်   ၁၆၁   ဦး    ထပ်မံ သေဆုံးကြောင်း      ဖော်ပြမှုနှင့် အတူ   စုစုပေါင်း   ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃၄၄၉၈ ဦး အထိ ရှိလာခဲ့ကြောင်းနှင့် ဓာတ်ခွဲ ခန်း   ၁၂  ခုက    သတင်းအချက် အလက်များပေးပို့ရန်  ပျက်ကွက် ခဲ့ကြောင်း ဒီအိုအိတ်ချ်က ဖော်ပြ သည်။
ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ  ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ဌာနေကိုယ်စား လှယ် ရာဘင်ဒရာ အဘီရာဆင်ဟီ က ကိုဗစ်-၁၉ အစုလိုက် ကူးစက် မှုများနှင့် တခြားကူးစက်မှုဆိုင်ရာ မူရင်းဇာစ်မြစ်ကို ခြေရာခံနိုင်ရန် ကိုဗစ်-၁၉  စမ်းသပ်စစ်ဆေးမှု များကို     တိုးမြှင့်လုပ်ဆောင်ရန် အစိုးရကို          တိုက်တွန်းပြော ကြားထားသည်။ 
ကိုဗစ်-၁၉ ကူးစက်သူများနှင့် အနီးကပ်   ထိတွေ့သူများကိုသာ စမ်းသပ်      စစ်ဆေးခြင်းသည် စမ်းသပ်စစ်ဆေးခြင်း လုပ်ငန်း၌ အကုန်အကျခံ  မြှုပ်နှံထားသော ရင်းနှီးမြှုပ်နှံမှုအတွက်    အကျိုး ကျေးဇူး အပြည့်အဝပေးလိမ့်မည် မဟုတ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ 
လူဦးရေသန်း  ၁၁၀  ရှိသော ဖိလစ်ပိုင်နိုင်ငံတွင်   ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးပြီးသူပေါင်း   ၁၈  သန်းကျော် ရှိလာပြီဖြစ်သည်။ 
ဆင်ဟွာ