
မနီလာ အောက်တိုဘာ ၁၉
ဖိလစ်ပိုင်နိုင်ငံတွင် အောက်တိုဘာ ၁၉ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်သူ ၄၄၉၆ ဦး တိုးလာပြီးနောက် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၂၇၃၁၇၃၅ ဦးအထိရှိလာခဲ့ကြောင်း ဖိလစ်ပိုင်ကျန်းမာရေး ဝန်ကြီးဌာန (ဒီအိုအိတ်ချ်)က သတင်းထုတ်ပြန် ဖော်ပြလိုက်သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကြောင့် ၂၁၁ ဦး ထပ်မံသေဆုံး မှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ သေဆုံးသူပေါင်း ၄၀၉၇၂ ဦး အထိရှိလာခဲ့သည်။
ယနေ့ ကိုဗစ်-၁၉ ကူးစက် မှုသည် ဇူလိုင် ၂၈ ရက်မှစကာ အနိမ့်ဆုံးဖြစ်ခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်မှု လျော့နည်းခြင်းသည် ယမန်နေ့က ဓာတ်ခွဲခန်းများ၏ ကိုဗစ်-၁၉ စာရင်းပေးပို့မှု နည်း ခဲ့သောကြောင့် ဖြစ်သည်။ ထို့အပြင် ဓာတ်ခွဲခန်း ခုနစ်ခန်းက အချက်အလက်များ ပေးပို့ရန် ပျက်ကွက်ခဲ့ကြောင်း ဒီအိုအိတ်ချ် က ဖော်ပြခဲ့သည်။
ဒေသတွင်း ကိုဗစ်-၁၉ ကူးစက်မှုများ ကျဆင်းလာသော ကြောင့် မြို့တော်မနီလာတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း အကျ ဘက်သို့ ရောက်ရှိလာပြီး အရင် သီတင်းပတ်ကထက် ၂၇ ရာခိုင် နှုန်း ကျဆင်းခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန အကြီးအကဲ မာရီယာ ရိုဆာရီယို ဗာဂျရီက ပြောသည်။ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှုစာရင်းအရ စက်တင်ဘာ ၁၁ ရက်က ၂၆၃၀၃ ဦးဖြင့် အမြင့်ဆုံး ဖြစ်ခဲ့သည်။
အရှေ့တောင်အာရှ နိုင်ငံ တစ်နိုင်ငံဖြစ်သော ဖိလစ်ပိုင် နိုင်ငံတွင် လူဦးရေသန်း ၁၁၀ ရှိ သည့်အနက် ကိုဗစ်-၁၉ စမ်းသပ် စစ်ဆေးပြီးသူပေါင်း သန်း ၂၀ ဒသမ ၅ သန်း ကျော်လွန်လာပြီ ဖြစ်သည်။ ဆင်ဟွာ