ဖိလစ်ပိုင်နိုင်ငံ၌ ကလေးသူငယ်လက်ထပ်ပေးခြင်းကို ပိတ်ပင်

 

မနီလာ  ဇန်နဝါရီ   ၇


ဖိလစ်ပိုင်နိုင်ငံတွင်  မိန်းကလေးခြောက်ဦးလျှင် တစ်ဦးမှာအသက် ၁၈ နှစ်မတိုင်မီ လက်ထပ်ပေးခြင်း ခံရရာ  ယင်းအခြေအနေကို ပိတ်ပင်တားဆီးရန် အတွက် ဥပဒေဖြင့် တားဆီးပိတ်ပင်ခဲ့သည်။ 

 


ထို့ကြောင့်  ဖိလစ်ပိုင်နိုင်ငံတွင်  ကလေးသူငယ် လက်ထပ်ခြင်းမှာ ဇန်နဝါရီ ၆ ရက်တွင် တရားမဝင် သည့်အရာဖြစ်လာတော့မည်ဖြစ်သည်။  အရှေ့ တောင်အာရှနိုင်ငံဖြစ်သည့်       ဖိလစ်ပိုင်နိုင်ငံမှာ  ကလေးသူငယ်လက်ထပ်ပေးရာတွင် ကမ္ဘာ့အဆင့် ၁၂ နေရာတွင် ရှိသည်ဟု ဗြိတိန်အခြေစိုက် လူ့အခွင့် အရေးအုပ်စုက ပြောသည်။ 

 


ကာလရှည်ကြာကျင့်သုံးလာသည့်     အလေ့ အကျင့်များနှင့် ကျားမ မညီမျှမှုတို့ကြောင့် အပြောင်း အလဲများပြုလုပ်ရန်   အဟန့်အတားများဖြစ်စေခဲ့ သည်။  ကလေးသူငယ်လက်ထပ်ခြင်းကို တားဆီး သည့်  ဥပဒေကို  ဖိလစ်ပိုင်သမ္မတ  ရိုဒရီဂိုဒူတာတေးက လက်မှတ်ရေးထိုးခဲ့ပြီး ဇန်နဝါရီ ၆ ရက်က ထုတ်ပြန်ခဲ့ ရာ ယင်းဥပဒေအောက်တွင် အသက်  ၁၈  နှစ်အောက် မည်သူနှင့်မဆို     လက်မထပ်ဘဲ     အတူနေခြင်း သို့မဟုတ် လက်ထပ်ခြင်းပြုလုပ်ပါက  ထောင်ဒဏ် ၁၂ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။ 

 


ယခု ထုတ်ပြန်ခဲ့သည့် ဥပဒေတွင် အမျိုးသမီး များနှင့်      ကလေးသူငယ်များအခွင့်အရေးနှင့်  သက်ဆိုင်သော    အပြည်ပြည်ဆိုင်ရာ     လုပ်ထုံး လုပ်နည်းများပါဝင်သည်ဟုလည်း  အစိုးရကပြော သည်။  အချို့သောတိုင်းရင်းသား  အုပ်စုများနှင့် မူဆလင်အသိုင်းအဝိုင်းများတွင်   ကလေးသူငယ် လက်ထပ်ပေးခြင်းမှာ မကြာခဏတွေ့မြင်နေရသည့် ကိစ္စဖြစ်နေပြီး     ယင်းအသိုင်းအဝိုင်းများအတွက် အကူးအပြောင်းကာလအဖြစ် အချိန်တစ်နှစ်ဆိုင်းငံ့ပေးကြောင်း သိရသည်။

 


ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့၏    ပြီးခဲ့ သည့်နှစ်      အစီရင်ခံစာအရ    ကမ္ဘာတစ်ဝန်းရှိ မိန်းကလေးငယ်နှင့် အမျိုးသမီး ဘီလီယံတစ်ဝက်နီး ပါးကျော်မှာ ကလေးဘဝကပင် လက်ထပ်ပေးခြင်း ခံရသည်ဟု သိရသည်။                      


အေအက်ဖ်ပီ