ဖိလစ်ပိုင်နိုင်ငံ၌ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှု အနိမ့်ဆုံးနေ့တစ်နေ့အဖြစ် စံချိန်တင်

 

 

မနီလာ  နိုဝင်ဘာ   ၁၆    
ဖိလစ်ပိုင်နိုင်ငံတွင် အောက်တိုဘာ ၁၆ ရက်က   ကိုဗစ်-၁၉   ထပ်မံ ကူးစက်သူ  ၈၄၉  ဦး တိုးလာပြီး နောက်  နိုင်ငံအတွင်း ကိုဗစ်-၁၉   ကူးစက်သူပေါင်း ၂၈၁၉၃၄၁  ဦး အထိ ရှိလာခဲ့ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာန   (ဒီအို အိတ်ချ်)  က    သတင်းထုတ်ပြန်    ဖော်ပြလိုက်သည်။
လွန်ခဲ့သောနှစ်      ဒီဇင်ဘာ ၂၈ ရက်မှစကာ   နေ့စဉ်   ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုများအနက် နိုဝင်ဘာ  ၁၆   ရက်    ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် အနိမ့်ဆုံး ဖြစ်ခဲ့သည်။ 
နိုင်ငံအတွင်း     ကိုဗစ်-၁၉ ကြောင့် ၉၉ ဦး ထပ်မံသေဆုံးမှု နှင့်အတူ    စုစုပေါင်း   ကိုဗစ်-၁၉ သေဆုံးသူပေါင်း ၄၅၈၀၈ ဦးအထိ ရှိလာခဲ့သည်။ 
ဒယ်လ်တာ ကိုရိုနာဗိုင်းရပ်စ် ဗီဇပြောင်းမျိုးကွဲကြောင့် တတိယ အကျော့    ကူးစက်မှုဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလ    ၁၁  ရက်က ကိုဗစ်-၁၉ ကူးစက်သူ ၂၆၃၀၃ ဦး ဖြင့်    ကိုဗစ်-၁၉     ကူးစက်မှု အမြင့်ဆုံးဖြစ်ခဲ့သည်။ 
ဖိလစ်ပိုင်နိုင်ငံ     ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုနည်းသောဒေသ များတွင်   ပါးစပ်၊  နှာခေါင်းစည်း မျက်နှာကာများကို  တပ်ဆင်ရန် မလိုကြောင်း သိရသည်။ သို့သော် လည်း    ကိုဗစ်-၁၉   ကူးစက်မှု မြင့်မားသည့်နေရာများနှင့် အလုံ ပိတ်ကန့်သတ်မှု ချမှတ်ထားသည့် နေရာများတွင် မျက်နှာကာများကို တပ်ဆင်ရန် လိုသေးကြောင်း သိရ သည်။ အရှေ့တောင်အာရှ     နိုင်ငံ တစ်နိုင်ငံဖြစ်သော ဖိလစ်ပိုင်နိုင်ငံ တွင် လူဦးရေသန်း ၁၁၀ ရှိသည့် အနက်     ကိုဗစ်-၁၉   စမ်းသပ် စစ်ဆေးပြီးသူပေါင်း   ၂၂  သန်း ကျော်လွန်လာပြီဖြစ်သည်။ 
ဆင်ဟွာ