ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးပြီးသူပေါင်း ၁၉ သန်းနီးပါးရှိလာ  


 

မနီလာ စက်တင်ဘာ ၂၀  


ဖိလစ်ပိုင်နိုင်ငံတွင် စက်တင်ဘာ ၂၀ ရက်က  ကိုဗစ်-၁၉   ထပ်မံ ကူးစက်ဖြစ်ပွားသူ ၁၈၉၃၇ ဦး တိုးလာပြီးနောက်  နိုင်ငံအတွင်း ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားသူ ပေါင်း ၂၃၈၅၆၁ ၆   ဦးအထိရှိ လာခဲ့ကြောင်း  ဖိလစ်ပိုင်ကျန်းမာ ရေးဝန်ကြီးဌာန (ဒီအိုအိတ်ချ်) က သတင်းထုတ်ပြန်   ဖော်ပြလိုက် သည်။  
အရှေ့တောင်အာရှ နိုင်ငံ တစ် နိုင်ငံဖြစ်သော ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့်နောက်ထပ် ၁၄၆ ဦးထပ်မံသေဆုံးကြောင်းဖော်ပြမှုနှင့်အတူ    စုစုပေါင်း ကိုဗစ်-၁၉ ကြောင့်   သေဆုံးသူ ၃၆၉၃၄ ဦးအထိရှိလာခဲ့ကြောင်း နှင့်    စနေနေ့က   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု    အများဆုံး နေ့တစ်နေ့ဖြစ်ခဲ့ပြီး    ကူးစက် ဖြစ်ပွားသူ ၂၆၃၀၃ဦးရှိခဲ့သည်ဟု ဒီအိုအိတ်ချ်က ဖော်ပြသည်။
ကူးစက်မြန်ပြင်းထန်   ဗီဇ ပြောင်း   ဒယ်လ်တာ  ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုသည် ဇွန်လတွင် ၅ ရာခိုင်နှုန်းရှိရာမှ သြဂုတ်လတွင် ၈၉ ရာခိုင်နှုန်း အထိတိုးလာကြောင်း  ကျန်းမာ ရေးဌာနအကြီးအကဲ   မာရီယာ ရိုဆာရီယို ဗာဂျီရီက ပြောသည်။ 
မြို့တော်မနီလာတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ ဆက်လက် မြင့်တက်နေဆဲ ဖြစ်သော်လည်း ကူးစက်ဖြစ်ပွားမှုမှာ   နှေးကွေး လျက်ရှိသည်ဟု ၎င်းကပြောသည်။ 
ထို့ပြင် နိုင်ငံအတွင်းရှိ နယ်မြေ ဒေသ ၉၇ ခုကို   သတိထားစောင့် ကြည့်အဆင့် ၄ အောက်သတ်မှတ် ထားကြောင်းပြောသည်။ ဆိုလို သည်မှာ   ဆေးရုံအသုံးပြုနိုင်မှု သည်  ၇၀   ရာခိုင်နှုန်းထက်ပို သည်ကို      ဖော်ပြလိုရင်းဖြစ် သည်။ 
လူဦးရေသန်း ၁၁၀ ရှိသော ဖိလစ်ပိုင်နိုင်ငံတွင်   ကိုဗစ်-၁၉ စတင်ဖြစ်ပွားသော ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှစကာ ကိုဗစ်-၁၉ စမ်းသပ်    စစ်ဆေးပြီးသူပေါင်း  ၁၉   သန်းနီးပါး     ရှိလာပြီဖြစ် သည်။
ဆင်ဟွာ