ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ကျဆင်းလာ 


 

မနီလာ   ဒီဇင်ဘာ   ၆      
ဖိလစ်ပိုင်နိုင်ငံတွင်  ဒီဇင်ဘာ ၆  ရက်က ကိုဗစ်-၁၉  ထပ်မံကူးစက်သူ  ၅၄၃ ဦး တိုးလာပြီးနောက်  နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂၈၃၅၁၅၄ ဦးအထိရှိလာခဲ့ကြောင်း     ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာန  (ဒီအိုအိတ်ချ်) က သတင်းထုတ်ပြန်ဖော်ပြလိုက်သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကြောင့် ၁၁၃ဦး ထပ်မံသေဆုံးမှုနှင့်အတူ     စုစုပေါင်း ကိုဗစ်-၁၉ သေဆုံးသူပေါင်း ၄၉၄၉၉ ဦး အထိရှိလာခဲ့သည်။ 
နိုဝင်ဘာ    ၂၄    ရက်ကတည်းက ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားသူ   ၁၀၀၀ အောက်ကျဆင်းခဲ့ကြောင်း သတင်းဖော်ပြ ခဲ့သည်။ နိုင်ငံတစ်ဝန်းလုံးနှင့် မြို့တော် မနီလာတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ အရေအတွက်  ဆက်လက်ကျဆင်းလျက် ရှိပြီး လွန်ခဲ့သော   သီတင်းပတ်များက  ၄၂ နှင့် ၄၅ ရာခိုင်နှုန်းစီ  အသီးသီးကျဆင်း ခဲ့ကြောင်း   ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ မာရီယာ ရိုဆာရီယို ဗာဂျီရီက ပြောသည်။
ရောဂါအပြင်းအထန်    ခံစားနေရသူ ရာခိုင်နှုန်းကျဆင်းလာခဲ့သလို အောက်တို ဘာလကုန်မှစကာ ရောဂါအပြင်းအထန် ခံစားနေရသူအရေအတွက်  ရုတ်တရက် ထိုးကျလာခဲ့သည်။  
လွန်ခဲ့သောနှစ်  ကိုဗစ်-၁၉  စတင် ဖြစ်ပွားချိန်မှစကာ  ဖိလစ်ပိုင်နိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု လှိုင်းဂယက် သုံးခုရိုက်ခတ်ခြင်းကို ခံခဲ့ရသည်။
နောက်ဆုံး  ကိုဗစ်-၁၉ လှိုင်းသည် စက်တင်ဘာလတွင်      မြှင့်တက်ခဲ့ပြီး စက်တင်ဘာ  ၁၁ ရက်   တစ်နေ့တည်း ကိုဗစ်-၁၉ ဖြင့်သေဆုံးသူ ၂၆၃၀၃ ဦးဖြင့် တစ်နေ့တည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား နှုန်းအမြင့်ဆုံးဖြစ်ခဲ့သည်။ 
ဖိလစ်ပိုင်နိုင်ငံတွင်   လူဦးရေ သန်း ၁၁၀ ရှိသည့်အနက်        ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးပြီးသူပေါင်း ၂၃ သန်း နီးပါးရောက်ရှိလာပြီဖြစ်သည်။  ဆင်ဟွာ