ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ တစ်နေ့တည်း စံချိန်တင်မြင့်တက် 


 

 

မနီလာ သြဂုတ် ၃၀  


ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၃၀ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၂၂၃၆၆ ဦးတိုးလာပြီး နိုင်ငံအတွင်း  ကိုဗစ်- ၁၉  ကူးစက်ဖြစ်ပွားမှု  တစ်နေ့တည်း  အများဆုံး စံချိန်တင်ခဲ့ကြောင်းနှင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း  ၁၈၉၉၂၀၀အထိ ရောက်ရှိလာခဲ့ကြောင်း ဖော်ပြသည်။  
အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သော ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့်  နောက်ထပ် ၂၂၂ ဦး     ထပ်မံသေဆုံးကြောင်း ဖော်ပြမှုနှင့်အတူ     စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃၃၃၃၀အထိ   ရောက်ရှိလာခဲ့ သည်။ 
မြို့တော်မနီလာ၌    ဒယ်လ် တာအသွင်ပြောင်း   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို    ထိန်းချုပ်  ရန်      တင်းကျပ်သော ကိုဗစ်-   ၁၉   ကန့်သတ်ပိတ်ဆို့မှုများကို သြဂုတ်  ၃၁ ရက်အထိ ဆက်လက် ထုတ်ပြန်ထားသည်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု များနှင့်       သေဆုံးမှုများ သည်           ဖိလစ်ပိုင်နိုင်ငံတွင်     ဆက်လက်        မြင့်တက်လျက်ရှိကြောင်း    ဖိလစ် ပိုင်ကျန်းမာရေးဌာန    ကူးစက် ရောဂါပြန့်ပွားခြင်းနှင့် ကာကွယ် ခြင်းဆိုင်ရာ    ဗျူရိုမှ  ညွှန်ကြား ရေးမှူး    အလီသာ ဒီဂုဇ်မင်းက ပြောသည်။   
ဒယ်လ်တာ ကိုဗစ်-၁၉ သန္ဓေ ပြောင်း    မျိုးစိတ်သစ်သည် တခြား ကိုဗစ်-၁၉ မျိုးစိတ်သစ် များကို     လွှမ်းမိုးကျော်လွန်ပြီး  လျင်လျင်မြန်မြန်  ကူးစက်ပျံ့နှံ့နေ ကြောင်း   ဖိလစ်ပိုင်  သက်ရှိဇီဝ ပစ္စည်း၏  မျိုးပွားပစ္စည်းလေ့လာရေးဌာနအမှုဆောင်  ညွှန်ကြားရေး မှူး   ဆင်သီယာဆယ်လိုမာက ပြောသည်။
 ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွား မှု၏       ၄၂   ရာခိုင်နှုန်းခန့်မှာ ဒယ်လ်တာကြောင့်ဖြစ်ကြောင်း      ၎င်းက    ဆက်လက်ပြောကြား သည်။
ကိုဗစ်-၁၉    လျင်မြန်စွာ ကူးစက်ပျံ့နှံ့မှုများသည်  အထူး သဖြင့်    မြို့တော်မနီလာတွင် အများအပြား  ဖြစ်ပွားလျက်ရှိ သည်။ မကြာမီရက်များအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ ဆက်လက် မြင့်တက်လာမည်ဖြစ် သဖြင့်    ပြည်သူလူထုအနေဖြင့် ပိုပြီး    ဂရုတစိုက်နေထိုင်ကြရန် ကျန်းမာရေးဝန်ကြီးဌာန  အကြီး အကဲ  မာရီယာရိုဆာရီယိုဗာဂျီရီ  က     တိုက်တွန်း      ပြောကြား  လိုက်သည်။
မြို့တော်မနီလာသည်   လာ မည့်ရက်များအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအမြင့်ဆုံးဖြစ်လာမည်ဖြစ်ကြောင်း၊   အဘယ် ကြောင့်ဆိုသော     ကိုဗစ်-၁၉ ကူးစက်မှုဇယားတွင်  ဖော်ပြသော မျဉ်းသည်   အထက်သို့တက်နေ သောကြောင့်ဖြစ်ကြောင်း   ဒီဂုဇ် မင်းက ပြောသည်။ 
အရေးတကြီးဆောင်ရွက်ရန် ကိစ္စမရှိပါက လူတိုင်းအိမ်ထဲတွင် သာနေထိုင်ကြရန်  ကျန်းမာရေး ဝန်ကြီးဌာနအကြီးအကဲ မာရီယာ ရိုဆာရီယိုဗာဂျီရီက တိုက်တွန်း ပြောကြားထားသည်။       
လူဦးရေသန်း ၁၁၀ ရှိသော ဖိလစ်ပိုင်နိုင်ငံတွင်    ကိုဗစ်-၁၉ စမ်းသပ်   စစ်ဆေးပြီးသူပေါင်း     ၁၇ သန်းကျော်ရှိလာပြီ  ဖြစ်သည်။
ဆင်ဟွာ