ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၂၀၇၄၅ ဦးတိုးလာပြီး စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၂၄၈၀၇၁ ဦးအထိရောက်ရှိလာ

 

မနီလာ    စက်တင်ဘာ     ၁၃   


ဖိလစ်ပိုင်နိုင်ငံတွင်   စက်တင်ဘာ  ၁၃  ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၂၀၇၄၅ ဦး တိုးလာပြီးနောက် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၂၂၄၈၀၇၁ ဦးအထိ ရှိလာခဲ့ကြောင်း         ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာန (ဒီအိုအိတ်ချ်) က သတင်းထုတ်ပြန်ဖော်ပြလိုက်သည်။  
အရှေ့တောင်အာရှနိုင်ငံ      တစ်နိုင်ငံဖြစ်သော ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် နောက်ထပ်  ၁၆၃  ဦး  ထပ်မံသေဆုံးကြောင်း  ဖော်ပြမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃၅၃၀၇ ဦး အထိ  ရှိလာခဲ့ကြောင်းနှင့်     စနေနေ့က ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားမှု  အများဆုံးနေ့တစ်နေ့ ဖြစ်ခဲ့ပြီး ကူးစက်ဖြစ်ပွားသူ  ၂၆၃၀၃  ဦး  ရှိခဲ့သည်ဟု   ဒီအို အိတ်ချ်က ဖော်ပြသည်။
လူဦးရေသန်း ၁၁၀ ရှိသော ဖိလစ်ပိုင်နိုင်ငံတွင်  ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးပြီးသူပေါင်း ၁၈  သန်း ကျော်ရှိလာပြီဖြစ်သည်။ 
နိုင်ငံအတွင်း    ကိုဗစ်-၁၉     လွှဲပြောင်းမှုများကို အဓိကလက်ခံရာ ဖိလစ်ပိုင် ပြည်သူ့ဆေးရုံကြီးတွင်  ဆေးဘက်ဆိုင်ရာ      ဝန်ထမ်းပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရသည်။ 
“ကျန်းမာရေးဝန်ထမ်းတွေ နေမကောင်းဖြစ်နေ ကြပြီ။ သူတို့တွေလည်း ပင်ပန်းနေပြီ။ ကျွန်တော် တို့မှာ လူ့အရင်းအမြစ်အခက်အခဲတွေ ဖြစ်နေတယ်” ဟု ဆေးရုံ၏ပြောရေးဆိုခွင့်ရှိသူ ဂျိုနက်ဒဲရိုဆာရီယိုက  ပြောသည်။ 
ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၃၈ ဒသမ ၇ သန်းကျော်ရောက်ရှိလာ ပြီဖြစ်သည်။ ယခုအချိန်အထိ ကိုဗစ်-၁၉ ကာကွယ် ဆေးအပြည့်အဝထိုးနှံပြီးသူပေါင်း ၁၆ ဒသမ ၇ သန်း ရှိပြီဖြစ်သည်။                                       ဆင်ဟွာ