ဖိလစ်ပိုင်သမ္မတ ဒူတာတေး နိုင်ငံရေးလောကမှ အနားယူတော့မည်

 

မနီလာ အောက်တိုဘာ ၃


 ဖိလစ်ပိုင်နိုင်ငံတွင် လာမည့်သမ္မတရွေးကောက်ပွဲ၌  ဒုတိယသမ္မတနေရာအတွက်    ပါဝင်ယှဉ်ပြိုင်တော့ မည်မဟုတ်သည့်အပြင် နိုင်ငံရေးမှပါ အနားယူတော့ မည်ဟု   ဖိလစ်ပိုင်သမ္မတ ဒူတာတေးက  ပြောသည်။ 


ဖိလစ်ပိုင်နိုင်ငံ၏  ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအနေဖြင့်   သက်တမ်းကုန်ဆုံးပြီးနောက် နောက်တစ်ကြိမ် ရွေးကောက်ပွဲဝင်ရန်    တားမြစ်ထား ရာ ဒူတာတေးသည် ယခင်က   ဒုတိယသမ္မတနေရာ အတွက်  ပါဝင်ယှဉ်ပြိုင်ရန်    ဆန္ဒရှိသည်ဟု ဖော်ပြခဲ့ သည်။ သို့သော်လည်း အောက်တိုဘာ ၂   ရက်တွင် ၎င်း၏  ဆုံးဖြတ်ချက်ကိုပြင်ဆင်ခဲ့သည်။


မေလတွင်  ကျင်းပမည့် ရွေးကောက်ပွဲအတွက်  ကိုယ်စားလှယ်လောင်းများ     မှတ်ပုံတင်ခြင်းကို အောက်တိုဘာ ၁ ရက်တွင်စတင်ခဲ့သည်။  လက်ဝှေ့ သမားအဖြစ်မှ မကြာသေးမီကမှ   အနားယူခဲ့သော မန်နီပတ်ကီအိုသည်လည်း    ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု  လျှောက်ထားခဲ့သည်။   သမ္မတ ဒူတာတေး၏ အကြီးဆုံးသမီးဖြစ်သူ ဒါဗို့ မြို့တော်ဝန် ဆာရာ ဒူတာတေးကိုလည်း   ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ယူဆဖွယ်ရှိသည်။


ဒူတာတေးသည် ၎င်း၏ဆုံးဖြတ်ချက်ကို ပြင်ဆင် လိုက်ခြင်းမှာ  ဆာရာ ရွေးကောက်ပွဲဝင်မည့်အရေး ကို ကူညီထောက်ပံ့မှုပေးရန်အတွက် ဖြစ်နိုင်သည်ဟု လည်း အချို့သော ကျွမ်းကျင်သူများနှင့်  ဒေသတွင်း မီဒီယာများတွင်ဖော်ပြကြသည်။

အင်န်အိတ်ချ်ကေ