
မနီလာ စက်တင်ဘာ ၃၀
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး၏ သမီး ဆာရာ ဒူတာတေးကာပီရိုသည် ၂၀၂၂ သမ္မတရွေးကောက်ပွဲ အတွက် ထိပ်ဆုံးမှ ရွေးချယ်ထားသူဖြစ်ကြောင်း စက်တင်ဘာ ၂၉ ရက်က ထုတ်ပြန်လိုက်သော လွတ်လပ်သည့် စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။
စက်တင်ဘာ ၆ ရက်မှ ၁၁ ရက်အထိ Pulse Asia ကဦးဆောင်ဦးရွက်ပြုကာ ကောက်ယူခဲ့သော အမျိုး သားစစ်တမ်းတစ်ခုတွင် အရွယ်ရောက်သူ ဖိလစ်ပိုင် နိုင်ငံသား ၂၄၀၀ ၏ ၂၀ ရာခိုင်နှုန်းက ဆာရာကို အလားအလာရှိသော သမ္မတလောင်းအဖြစ် ထောက်ခံဖော်ပြထားသည်။
ဖိလစ်ပိုင်သမ္မတဒူတာတေး၏ ပထမဆုံးသမီး ဖြစ်သူ အသက် ၄၃ နှစ်ရှိ ဆာရာဒူတာတေးကာပီရို သည် သမ္မတဒူတာတေး၏ ဇာတိမြို့ဖြစ်သည့် ဒါဗို့မြို့ ၏ မြို့တော်ဝန်လည်းဖြစ်သည်။
ဇွန်လကရရှိခဲ့သော လူထုထောက်ခံမှု ၂၈ ရာခိုင် နှုန်းအောက် ၈ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း သမ္မတဖြစ်ရန် အလားအလာရှိသူစာရင်းတွင် ဆက်လက်ဦးဆောင်လျက်ရှိသည်။ အလားအလာ ရှိသော သမ္မတလောင်းအဖြစ် နာမည်ကြီးလျက် ရှိသော ၎င်းသည် သမ္မတရာထူးအတွက် ဝင်ရောက် ယှဉ်ပြိုင်မည်မဟုတ်ကြောင်း အစောပိုင်းက ပြောခဲ့ သည်။
သမ္မတရာထူးနေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် အစား မြို့တော်ဝန်အဖြစ်သာ ထပ်မံယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း ၎င်းကပြောခဲ့သည်။
နိုင်ငံရေးသမားသုံးဦးဖြစ်သည့် အစ္စကိုမိုရန်နို အဖြစ် နာမည်ကြီးကျော်ကြားသူ မနီလာမြို့တော်ဝန် ဖရန်စစ္စကိုဒိုမန်ဂိုဆို၊ ရဲချုပ်ဟောင်း ပန်ဖီလိုလက်ဆန်၊ လွှတ်တော်အမတ်နှင့် လက်ဝှေ့ကျော် မန်နီပက်ကွီယို တို့သည် သမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ၎င်းတို့သည် အောက်တိုဘာ ၁ ရက်မှ ၈ ရက်အထိ သမ္မတလောင်း အဖြစ် ယှဉ်ပြိုင်ရန် စာရင်းသွင်းရမည်ဖြစ်သည်။
ဆင်ဟွာ