ဖိုက်ဇာကိုဗစ်-၁၉ သောက်ဆေးမှာ ဆေးရုံတက်ရမှုနှင့် သေဆုံးမှုတို့ကို လျှော့ချပေးနိုင်ဟုဆို

 

နယူးယောက် နိုဝင်ဘာ  ၆


အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်သည့် ဖိုက်ဇာ ကုမ္ပဏီသည် ကိုဗစ်-၁၉ သောက် ဆေးကို     ထုတ်လုပ်ထားပြီး ၎င်းတို့      ထုတ်လုပ်ထားသည့် သောက်ဆေးမှာ    ကိုဗစ်-၁၉ ရောဂါဝေဒနာများကြောင့် ဆေးရုံ တက်ရခြင်းနှင့်   သေဆုံးမှုတို့ကို သိသိသာသာ   လျှော့ချပေးနိုင် သည် ဟုပြောသည်။

 

ရောဂါလက္ခဏာ  ပြင်းထန် သည့်   လူနာပေါင်း  ၇၇၀  ကျော် ဖြင့်        လက်တွေ့စမ်းသပ်မှု နောက်ဆုံးအဆင့်ကို     ပြုလုပ်နေ သည်ဟု ကုမ္ပဏီက ပြောသည်။ ဖိုက်ဇာကိုဗစ်-၁၉  သောက်ဆေး ပေးထားသည့်     လူနာများမှာ သေဆုံးမှုနှင့် ဆေးရုံတက်ရောက် ကုသရမှုကို   ၈၉  ရာခိုင်နှုန်း လျှော့ချပေးနိုင်သည်ဟု    တွေ့ရှိ ရသည်။    

 


ဆေးဘက်ဆိုင်ရာ တိုးတက် မှုကြီးတစ်ခုဟု ထင်မြင်မိကြောင်း ဖိုက်ဇာကုမ္ပဏီမှ   သိပ္ပံဆိုင်ရာ အကြီးအကဲ  မိုက်ကယ် ဒေါ်ဆန် ကပြောသည်။
ပြီးခဲ့သည့်    လအတွင်းက လည်း အမေရိကန် ဆေးဝါးထုတ် လုပ်ရေး  ကုမ္ပဏီကြီးဖြစ်သည့် Merck  သည်   ၎င်းတို့ထုတ်လုပ် ထားသည့်သောက်ဆေးကို အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနထံ     ခွင့်ပြုချက်တောင်းခံ ခဲ့သည်။  ဗြိတိန်နိုင်ငံရှိ   ဆေးဝါး ကြီးကြပ်သူများက အဆိုပါဆေး ကို   နိုဝင်ဘာ   ၃    ရက်တွင် ထောက်ခံချက်         ပေးခဲ့သည်။   ကိုဗစ်-၁၉     သောက်ဆေးကို    ပထမဦးဆုံးအကြိမ်အဖြစ်    ခွင့်ပြု ချက်ပေးခဲ့ခြင်းဖြစ်သည်။ 


အင်န်အိတ်ချ်ကေ