ဖလော်ရီဒါတွင်  ကွန်ဒိုတစ်ခြမ်းပြိုကျမှုကြောင့် လူကိုးဦးသေဆုံးကြောင်း အတည်ပြု 

 

ဖလော်ရီဒါ  ဇွန်  ၂၈
အမေရိကန်တောင်ပိုင်းပြည်နယ်  ဖလော်ရီဒါတွင်  ကွန်ဒိုအဆောက်အအုံတစ်စိတ်တစ်ပိုင်း ပြိုကျခဲ့မှု အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ  ဆက်လက် လုပ်ဆောင်လျက်ရှိပြီး သေဆုံးသူ ကိုးဦးရှိသည်ဟု အတည်ပြုခဲ့သည်။ 
ပျောက်ဆုံးနေသူ ၁၅၀ ကျော်ရှိသည်။ မိုင်ယာမီ အနီးရှိ အထပ် ၁၂ ထပ်မြင့်သည့်  ကွန်ဒိုအဆောက် အအုံမှာ ဇွန် ၂၄ ရက် နံနက်ပိုင်းတွင် ပြိုကျခဲ့ခြင်းဖြစ် ပြီး ဇွန် ၂၇ ရက်တွင် သေဆုံးသူစာရင်းကို ဒေသခံ အာဏာပိုင်များက    ပြင်ဆင်ခဲ့သည်။    အသက်ရှင် ကျန်သူများကို  ရှာဖွေနိုင်ရေးအတွက်  ရှာဖွေရေး ခွေးများနှင့် အသေးစားကင်မရာများကို အသုံးပြု ကာ  ရှာဖွေခဲ့ကြသည်။ 
သို့သော်လည်း မီးခိုးမှုန်များကြောင့် ရှာဖွေရေး လုပ်ငန်းများတွင်  အနှောင့်အယှက်  အဟန့်အတား ဖြစ်ခဲ့ရသည်။   မြို့တော်ဝန်   ချာလီဘာကက်ကမူ ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများကို  ဆက်လက် ပြုလုပ်နေပြီး ၂၄ နာရီ  မရပ်မနား ပြုလုပ်နေသည်ဟု ပြောသည်။  ပိတ်မိနေသူများကို   ကယ်ဆယ်ပြီး သည်အထိ  ရှာဖွေမှုများကို  ဆက်လက်လုပ်ဆောင် မည်ဟု  ၎င်းကဆက်ပြောသည်။
အနီးအနားရှိ အဆောက်အအုံဘေးတွင်လည်း ပျောက်ဆုံးနေသူများ၏ ဓာတ်ပုံများကို  ကပ်ထား ကြသည်။ အဆိုပါကွန်ဒိုအဆောက်အအုံမှာ လွန်ခဲ့ သည့် အနှစ် ၄၀ က ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ် သည်။                                  
   အင်န်အိတ်ချ်ကေ