ဖူမီယိုကီရှီးဒါးအား ဂျပန်နိုင်ငံ၏ အယောက် ၁၀၀ မြောက် ဝန်ကြီးချုပ်အဖြစ်ရွေးချယ်

 

 

တိုကျို အောက်တိုဘာ ၄


ဖူမီယိုကီရှီးဒါးအား ဂျပန်နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်လိုက်ကြောင်း၊ ကီရှီးဒါးသည် ဂျပန်နိုင်ငံ ၏ နိုင်ငံရေးသမိုင်းတွင် အယောက် ၁၀၀ မြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့ကြောင်း အင်န်အိတ်ချ်ကေသတင်းတွင် ဖော်ပြသည်။ 
လွှတ်တော်နှစ်ရပ်စလုံးမှ   လွှတ်တော်အမတ် များသည် ခေါင်းဆောင်သစ်အတွက် မဲပေးခဲ့ကြ သည်။ 
ကီရှီးဒါးသည်  အောက်လွှတ်တော်တွင် ၃၁၁ မဲ ရရှိခဲ့ပြီး ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့သည်။ အထက်လွှတ်တော်တွင် ၁၄၁ မဲ ရရှိခဲ့သည်။
အသက် ၆၄ နှစ် ရှိပြီဖြစ်သော ဝါရင့်နိုင်ငံရေး သမားကီရှီးဒါးသည်   ဆူဂါယိုရှီဟိဒဲ၏ ဝန်ကြီးချုပ် နေရာတွင် ဆက်ခံမည်ဖြစ်သည်။
ကီရှီးဒါးသည်      ဂျပန်ထိပ်တန်းသံတမန်အဖြစ် ကျော်ကြားပြီး  နိုင်ငံခြားရေးဝန်ကြီးအဖြစ် လေးနှစ် ကျော်    တာဝန်ထမ်းဆောင်ခဲ့ကာ   ဂျပန်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ မဟာမိတ်များနှင့် ဆက်ဆံ ရေး ကောင်းမွန်အောင်   ကြိုးပမ်းခဲ့သူလည်း  ဖြစ် သည်။ 
၎င်းမှာ   ယခုအခါ   အစိုးရအဖွဲ့    ဖွဲ့စည်းပြီး အောက်တိုဘာ ၄ ရက်   နှောင်းပိုင်းတွင်   ဂျပန် ဧကရာဇ်က ၎င်းနှင့် ၎င်း၏အစိုးရအဖွဲ့ကို နန်းတော် သို့ခေါ်ယူကာ အတည်ပြုပေးမည်ဖြစ်သည်။ 
အင်န်အိတ်ချ်ကေ