
ဖြူး ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ ရန်ကုန်-မန္တလေး အမြန်လမ်း(၁၁၅) မိုင် ယာဉ်ရပ်နားစခန်းရှိ စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်များအား အခွန်နှင့်ပတ်သက်သည့်အချက်များသိရှိစေရေးအတွက် ယမန်နေ့က အဆိုပါ ယာဉ်ရပ်နားစခန်းရှိ DENKO, VIP–1 ခန်းမ၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်း အသိပညာ ပေးရှင်းလင်းပွဲ ကျင်းပသည်။
ရှင်းလင်းပွဲတွင် ဖြူးမြို့နယ်အခွန်ဦးစီးဌာနမှ ဦးစီးမှူးက ၂၀၂၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဥပဒေ၊ စည်းမျဉ်း လုပ်ထုံးလုပ်နည်းများ၊ ပျက်ကွက်မှုအတွက် ပြစ်ဒဏ် များကို ရှင်းလင်းဆွေးနွေးသည်။ အသိပညာပေးရှင်းလင်းပွဲသို့ တက်ရောက်လာကြသည့်လုပ်ငန်ရှင်များအား ပြေစာများအပေါ် အခွန် အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာလက်ကမ်းစာစောင် များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)