
ဂျေရုဆလင် စက်တင်ဘာ ၅
အစ္စရေးသမ္မတ အီဆတ်ဟာဇော့ သည် ပြီးခဲ့သည့် သီတင်းပတ် အတွင်း ဘုရင့်နန်းတော်၌ ဂျော်ဒန် ဘုရင် အဗ္ဗဒူလာ - ၂ နှင့် တွေ့ဆုံခဲ့ သည်ဟု စက်တင်ဘာ ၄ ရက်တွင် ကြေညာခဲ့သည်။
ဂျော်ဒန်ဘုရင်၏ ဖိတ်ကြားမှု ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ဒေသ တွင်း အခြေအနေများကို ဆွေးနွေး ခဲ့ကြသည်ဟု အစ္စရေးသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူက ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။
နွေးထွေးသည့် ဆွေးနွေးပွဲ အတွင်း ရာသီဥတုပြောင်းလဲမှု ပြဿနာနှင့် ဆက်စပ်နေသည့် စိုက်ပျိုးရေး ကိစ္စရပ်များအပေါ် အမြင်များကို ဖလှယ်ခဲ့ကြ သည်။ အစ္စရေးသမ္မတ ဟာဇော့ သည် ဇူလိုင်လအတွင်း သမ္မတ တာဝန် စတင်ထမ်းဆောင်ခဲ့သည့် အချိန်မှစတင်ကာ ယခုတစ်ကြိမ် သည် ဂျော်ဒန်ဘုရင်နှင့် ပထမဆုံး တွေ့ဆုံမှုလည်းဖြစ်သည်။
ဇူလိုင်လအတွင်း အစ္စရေး ဝန်ကြီးချုပ် နာ့ဖ်တလီဘန်းနက် သည် ဂျော်ဒန်ဘုရင်နှင့် တွေ့ဆုံခဲ့ သည်။ လတ်တလောတွေ့ဆုံမှုအရ အစ္စရေးနိုင်ငံနှင့် ဂျော်ဒန်နိုင်ငံတို့ ကြား နွေးထွေးသည့် ဆက်ဆံရေး တည်ဆောက်လျက် ရှိကြောင်း မီးမောင်းထိုးပြသလျက်ရှိသည်။
ဆင်ဟွာ