
လီမာ ဩဂုတ် ၃၀
ပီရူးနိုင်ငံ ယူရီမောဂွတ်စ်ခရိုင် Huallaga မြစ်အတွင်း စက် တပ်သမ္ဗန်နှင့် မော်တော်ဘုတ် တစ်စင်း မတော်တဆတိုက်မှု ကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးပြီး ခြောက်ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု အာဏာပိုင်များ က ဩဂုတ် ၂၉ ရက်တွင် ပြောသည်။
ပျောက်ဆုံးနေသူ အရေ အတွက် အတိအကျကိုမူ မသိရသေးချေ။ ဩဂုတ် ၂၉ ရက် ဒေသစံတော်ချိန် ၄ နာရီ မိနစ် ၂၀ တွင် အခင်းဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။ လူပေါင်း ၈၀ ကျော်ကိုတင်ဆောင်လာသည့် စက်တပ်သမ္ဗန်သည် မော် တော်ဘုတ်တစ်စင်းကို ဝင် တိုက်မိခဲ့ခြင်း ဖြစ်သည်။
စက်တပ်သမ္ဗန်ပေါ်တွင် ကလေး ၂၀ ပါဝင်ခဲ့သည်။ ပီရူးရေတပ်နှင့် အရေးပေါ် ကယ်ဆယ်ရေးစင်တာမှ အဖွဲ့ ဝင်များသည် အခင်းဖြစ်ပွားရာ နေရာသို့ရောက်ရှိခဲ့ပြီး ကယ် ဆယ်ရေးလုပ်ငန်းများ လုပ် ဆောင်ခဲ့ကြကြောင်း သိရ သည်။ အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ ရဲများက စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။ ဆင်ဟွာ