ပီရူးနိုင်ငံ၌ ကိုဗစ် - ၁၉ ကြောင့် မိဘမဲ့ဖြစ်ရသည့် ကလေးငယ်ပေါင်း တစ်သိန်းနီးပါရှိ

 

လီမာ  ဇန်နဝါရီ   ၇


ပီရူးနိုင်ငံတွင်    ကိုဗစ် -၁၉ ကြောင့်  မိဘတစ်ဦး   သို့မဟုတ် မူလအုပ်ထိန်းသူ ဆုံးရှုံးသွားသည့် ကလေးငယ်ပေါင်း ၁၀၀၀၀၀ နီးပါး ရှိသည်ဟု အစိုးရက ဇန်နဝါရီ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။

 


ပီရူးနိုင်ငံမှာ  ကမ္ဘာပေါ်တွင် ကိုဗစ် -၁၉ ကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးထဲမှ တစ်နိုင်ငံဖြစ်သည်။
ကံဆိုး    မိုးမှောင်ကျစွာပင် ပီရူးနိုင်ငံ၌   ကိုဗစ် - ၁၉ ကြောင့် မိဘတစ်ဦးဦး          သို့မဟုတ် အုပ်ထိန်းသူ    ဆုံးရှုံးသွားရသည့် ကလေး ၉၈၀၀၀ နီးပါး ရှိသည်ဟု ပီရူး   အမျိုးသမီးရေးရာဝန်ကြီး အနဟီဒူရန်က ပြောသည်။

 


ပီရူးအစိုးရသည်    လတ် တလောတွင်   မိသားစုပေါင်း ၁၈၀၀၀ ကျော်ကို    နှစ်လလျှင် တစ်ကြိမ်   အမေရိကန်ဒေါ်လာ  ၅၀ ပင်စင်ငွေအဖြစ်   ထောက်ပံ့ ပေးသည်။    
ကလေးငယ်နှင့် ဆယ်ကျော် သက်အရွယ် ၈၃၀၀၀  အတွက်  စိတ်ပိုင်းဆိုင်ရာနှင့်   ပညာရေး ဆိုင်ရာ       ထောက်ပံ့မှုများကို လွှမ်းခြုံနိုင်စေရေးအတွက် အကူ အညီများပိုမိုတိုးချဲ့ပေးရန်  ဒူရန် ကမျှော်လင့်ထားသည်။   လက်ရှိ စနစ်အရ    ကြုံတွေ့နေရသည့် ပြဿနာမှာ မိသားစုအများစုတွင်  အကျိုးခံစားမှုရယူရန်    လိုအပ် သည့်   အထောက်အထား  မရှိ ဖြစ်နေခြင်းဖြစ်သည်ဟု   ၎င်းက   ဆက်ပြောသည်။

 


မိသားစု   အများအပြားမှာ ပင်စင်ထောက်ပံ့ကြေးကို ရယူလို သော်လည်း  ကိုဗစ် -၁၉ ကြောင့် သေဆုံးကြောင်း   လက်မှတ်မရှိ ဖြစ်နေကြသည်။   ကိုဗစ် - ၁၉ ပထမအကျော့နှင့်      ဒုတိယ အကျော့တို့တွင် နေအိမ်၌  သေဆုံး သည့်သူများမှာ သေဆုံးကြောင်း လက်မှတ်မရှိဟု               ၎င်းက ဆက်ပြောသည်။ ၂၀၂၀ ပြည့်နှစ်   အစောပိုင်း ကပ်ရောဂါ   စတင် ဖြစ်ပွားသည့် အချိန်မှစတင်ကာ ပီရူးနိုင်ငံတွင် လပေါင်း ၂၀၂၉၀၀ မှာ ကိုဗစ်-၁၉ ကြောင့်        အသက် ဆုံးရှုံးခဲ့ရသည်။    

အေအက်ဖ်ပီ