
ဆစ်ဒနီ အောက်တိုဘာ ၁၁
ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ ဒေသခံများမှာ သုံးလခွဲကြာ ပြင်းထန်သည့် ကန့်သတ်ချက်များ အောက် နေထိုင်ခဲ့ရပြီးနောက် စားသောက်ဆိုင်များ နှင့် ကော်ဖီဆိုင်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးပြီ ဖြစ်သည်။ ဗီဇပြောင်းဒယ်လ်တာကူးစက်မှုများ ကြောင့် ဇွန်လနှောင်းပိုင်းမှစတင်ကာ မလိုအပ်ဘဲ အပြင်ထွက်ခြင်းနှင့် စီးပွားရေးဆိုင်ရာ လုပ်ဆောင်မှု များကို ဆစ်ဒနီတွင် ကန့်သတ်ထားခဲ့သည်။
အောက်တိုဘာ ၁၁ ရက်တွင် အာဏာပိုင်များ က ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့သည်။ ကာကွယ်ဆေးထိုးပေးနိုင်သည့်နှုန်းမှာ နယူးဆော့ ဝေးလ်ပြည်နယ်တွင် ၇၀ ရာခိုင်နှုန်းရှိသည့်အတွက် ယခုလိုဖြေလျှော့ပေးခဲ့ခြင်းဖြစ်သည်။ ဆစ်ဒနီမြို့ မြောက်ပိုင်းရှိ ကော်ဖီဆိုင်တစ်ဆိုင်မှာ ပြန်လည် ဖွင့်လှစ်ရောင်းချနေပြီဖြစ်ပြီး ကာကွယ်ဆေးထိုးပြီး ကြောင်းလက်မှတ်များကို ပြသကာ ဒေသခံများ သည် ပျော်ရွှင်စွာ လာရောက်စားသာက်နေကြသည် ကို တွေ့ရသည်။ လာရောက်စားသောက်သည့် အမျိုးသမီးတစ်ဦးက ၎င်းအနေဖြင့် စည်းကမ်းများကို လိုက်နာသွားမည်ဖြစ်ကြောင်းနှင့် လူမှုဝေးကွာ အစီအစဉ်များနှင့် ပါးစပ်၊ နှာခေါင်းစည်း ဝတ်ဆင် ခြင်းများကိုလည်း ဆက်လက်ပြုလုပ်သွားမည်ဟု ပြောသည်။ အကယ်၍ လူပေါင်းများစွာ ကာကွယ် ဆေးထိုးပြီးပါက နောက်ထပ်အသွားအလာပိတ်ဆို့ ကန့်သတ်ခံရမှုနှင့် မကြုံတွေ့နိုင်တော့ဟု ကော်ဖီဆိုင် ပိုင်ရှင်ကပြောသည်။
ယနေ့မှာ လူပေါင်းများစွာ မျှော်လင့်နေသည့်နေ့ ဖြစ်ကြောင်း ဩစတြေးလျဝန်ကြီးချုပ် စကောက် မော်ရစ်ဆင်က ပြောသည်။ ကာကွယ်ဆေးထိုးပေး သည့်အစီအစဉ်ကို ပြည်သူများ လိုက်နာကြရန် တိုက်တွန်းခဲ့ပြီး ကာကွယ်ဆေးထိုးခြင်းဖြင့် အသွား အလာပိတ်ဆို့ကန့်သတ်ခံရမှုမှ ကင်းလွတ်မည်ဟု လည်း ၎င်းက ဆက်ပြောသည်။ အင်န်အိတ်ချ်ကေ