ပိတ်ဆို့မှုများမှ ကင်းလွတ်နိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဟု အီရန်သမ္မတသစ်ပြောကြား

 

တီဟီရန်   ဩဂုတ်   ၆


အီဘရာဟင် ရိုင်စီသည် အီရန်သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် သံတမန်နည်းလမ်း အရ     ကြိုးပမ်းမှုများမှတစ်ဆင့်   အမေရိကန်၏  ပိတ်ဆို့မှုများမှ ကင်းလွတ်အောင်ပြုလုပ်သွားမည်ဟု  ကတိပြုပြောကြားခဲ့သည်။ အီဘရာဟင် ရိုင်စီသည် ဩဂုတ် ၅ ရက်နေ့တွင် ပါလီမန်တွင်သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ အမေရိကန် ဆန့်ကျင်ပြီး သဘောထားတင်းမာသူတစ်ဦးမှာ  ယခင်သမ္မတ ဟတ်ဆန်ရိုဟာနီ၏    နောက်သမ္မတတာဝန်ယူသူ ဖြစ်လာခဲ့သည်။ သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆို ပွဲအခမ်းအနားတွင် အာဖဂန်သမ္မတ  အက်ရှရက်ဖ် ဂါနီလည်း  အခြားသော  ထင်ရှားသူများနှင့်အတူ ပါဝင်ခဲ့ပြီး    နိုင်ငံပေါင်း ၇၀ ကျော်မှ     သံတမန် များလည်း တက်ရောက်ခဲ့သည်ဟု အီရန်နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။ အီရန်နိုင်ငံသား များသည် ဝင်ငွေကောင်းမွန်ရန်နှင့်  လူနေမှုအဆင့် အတန်း     မြင့်မားလိုကြသည်ဟုလည်း   ၎င်းက ဆက်လက်ပြောကြားသည်။ 
အမေရိကန်၏     ပိတ်ဆို့မှုများအောက်တွင် တိုင်းပြည်စီးပွားရေးမှာ ရပ်တန့်နေပြီး ပြည်သူများ လိုလားချက်အတိုင်း ရရှိသွားအောင် ကြိုးပမ်းသွား မည်ဟု ၎င်းက ပြောသည်။  အီရန်အပေါ် ပိတ်ဆို့မှု များမှာ  ဖယ်ရှားပေးရမည်ဖြစ်ပြီး   ရည်မှန်းချက်  အတိုင်း ဖြစ်မြောက်အောင်   လုပ်ဆောင်ပေးမည့်    မည်သည့်သံတမန်နည်းလမ်းမျိုးကိုမဆို ထောက်ခံ သွားမည်ဟု ၎င်းကဆက်ပြောသည်။ 
အီရန်နှင့်  အမေရိကန်တို့သည်   ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီမှု ဆက်လက်ရှင်သန် စေရေးအတွက် သွယ်ဝိုက်သော   ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိသည်။ 
အင်န်အိတ်ချ်ကေ