ပို့ကုန်လျာထားချက်ပြည့်မီအောင် တင်ပို့နိုင်ရေးကြိုးပမ်း

 

နေပြည်တော်   ဇွန်   ၄
စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့်        နိုင်ငံတော်၏ ပို့ကုန်လျာထားချက် ပြည့်မီကျော်လွန်စေ ရေးအတွက်  အဓိက ပို့ကုန်များဖြစ်သည့် ဆန်/ဆန်ကွဲ၊   ပဲ၊   ပြောင်း၊   ရော်ဘာ၊ ရေထွက်ပစ္စည်းများကို      တင်ပို့သည့် ကုမ္ပဏီအလိုက်    ဆောင်ရွက်နိုင်သည့် အခြေအနေအပေါ်  သက်ဆိုင်ရာအသင်း အဖွဲ့များနှင့် ဌာနဆိုင်ရာများ   ပူးပေါင်း၍ လအလိုက်    လျာထားသတ်မှတ်ပြီး လျာထားသတ်မှတ်ချက်အတိုင်း  တင်ပို့ နိုင်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်း နှင့်     နှမ်းကုန်သည်များအသင်း၊    မြန်မာ နိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ  စက်မှုကုန်ထုတ်လုပ်သူများ အသင်း၊ မြန်မာနိုင်ငံ    ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း၊     မြန်မာနိုင်ငံ ရေထွက်ပစ္စည်း        ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း အစရှိသည့်  အသင်းအဖွဲ့များနှင့်  ညှိနှိုင်း၍   ပို့ကုန် တင်ပို့ရာတွင် တွေ့ကြုံရသည့် အခက်အခဲ များကိုလည်း ကူညီဖြေရှင်းဆောင်ရွက် ပေးလျက်ရှိသည်။ 
ပြည်ပပို့ကုန်  ပစ္စည်းများအနက်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆန်/ ဆန်ကွဲ တန်ချိန်  ၂ ဒသမ  ၅  သန်း   တင်ပို့ရန် လျာထားမှုအပေါ် ၂၀၂၄ ခုနှစ်  ဇွန် ၄ ရက် စာရင်းများအရ   အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း   ရှစ်ခုတွင်  ဆန်တင်ပို့နိုင်ရန် ဆန်သင်္ဘော ရှစ်စင်း ဆိုက်ကပ်လျက်ရှိပြီး အလုံအပြည်ပြည်ဆိုင်ရာ        ဆိပ်ကမ်း (Alone International Port Terminal) မှ ဆန်တန်ချိန် တန် ၁၂၅၀၀၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ  ဆိပ်ကမ်း (Yangon Intrernational Gateway Terminal) မှ ဆန်တန်ချိန်   တန်   ၁၂၅၀၀၊   ယခင် ဗိုလ်အောင်ကျော်ဆိပ်ကမ်း     (The Myanmar Terminal) မှ ဆန်တန်ချိန် တန် ၁၀၀၀၀၊   WILMAR    ဆိပ်ကမ်း (Wilmar Intrernational Port Terminal) မှ ဆန်တန်ချိန် ၉၈၀၀  တန်နှင့် ဆူးလေ ဆိပ်ကမ်း (Sule Pagoda Wharves) မှ ဆန်တန်ချိန် တန်  ၉၁၁၂၀  စုစုပေါင်း တန်  ၁၃၅၉၂၀ တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့    ဆန်တန်ချိန်    တန် ၇၄၀၀၀  တင်ပို့ရန်အတွက် သင်္ဘော လေးစင်း    ထပ်မံရောက်ရှိလာမည်ဖြစ် ကြောင်း သတင်းရရှိသည်။    သတင်းစဉ်