
ဝါဆော ဇန်နဝါရီ ၅
ပိုလန်သမ္မတ Andrzej Duda သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းကိုယ်တိုင် သီးသန့်ခွဲခြားနေထိုင်လျက်ရှိကြောင်း ၎င်း၏ ကာကွယ်ရေးဦးစီးချုပ် Pawel Szrot က ဇန်နဝါရီ ၅ ရက်က ပြောကြားလိုက်သည်။
သမ္မတသည်ကျန်းမာရေးအခြေအနေ ကောင်းမွန် လျက်ရှိပြီး ပြင်းထန်သည့် လက္ခဏာများမရှိကြောင်း နှင့် အမြဲမပြတ် ကျန်းမာရေးစောင့်ရှောက်မှုပေးထား ကြောင်း Szrot က ပြောသည်။ သမ္မတသည် ဧပြီ၊ ဇွန်နှင့် ဒီဇင်ဘာလများတွင် ကိုဗစ်-၁၉ ကာကွယ် ဆေးသုံးကြိမ် ထိုးနှံခဲ့ကြောင်း Szrot က ပြောသည်။
ပိုလန်ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် ၁၇၁၉၆ ဦးအထိ တိုးလာ ပြီး ကိုဗစ်-၁၉ ကြောင့် ၆၃၂ ဦး သေဆုံးခဲ့ကြောင်း ဇန်နဝါရီ ၅ ရက်က သတင်းထုတ်ပြန်ဖော်ပြခဲ့သည်။
ပိုလန်နိုင်ငံသည် ဥရောပတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှုန်း အနိမ့်ဆုံးဖြစ်သည်။ အရွယ် ရောက်ပြီးသူ ၆၃ ရာခိုင်နှုန်းနီးပါးသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးထားပြီး သေဆုံးမှုရာခိုင်နှုန်း အမြင့်ဆုံးဖြစ်သော်လည်း ကန့်သတ်ချက်အနည်းငယ် သာရှိသည်။
ကျန်းမာရေးဝန်ကြီး Adam Niedzielski က ဇန်နဝါရီနှောင်းပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွားမှု အမြင့်ဆုံးအထိ ရောက်ရှိလာနိုင်ကြောင်း၊ ထို့ကြောင့် ကြီးမားလှသည့် ကပ်ဘေးကြီးအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုနေပြီဖြစ်ကြောင်း ဇန်နဝါရီ ၅ ရက်က ပြောကြားလိုက်သည်။
အေအက်ဖ်ပီ