
အစ္စလာမ္မာဘတ် စက်တင်ဘာ ၁၁
ပါကစ္စတန်နိုင်ငံတကာလေကြောင်းလိုင်း(ပီအိုင်အေ)သည် အာဖဂန်နစ္စတန်နိုင်ငံ၏ မြို့တော်ကဘူးလ် သို့ လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲမှုကို စက်တင်ဘာ ၁၃ ရက်တွင် စတင်မည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းက ယနေ့တွင် ပြောကြား သည်။
စက်တင်ဘာ ၁၃ ရက်တွင် ပါကစ္စတန်နိုင်ငံ၏ မြို့တော် အစ္စလာမ္မာဘတ်မှ အာဖဂန်နစ္စတန်နိုင်ငံ၏ မြို့တော်ကဘူးလ်သို့ လေကြောင်းပြေးဆွဲမှု ပြန်လည် စတင်ခွင့်ကို အာဖဂန်နစ္စတန်နိုင်ငံ မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့၏ ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ကြောင်း ပါကစ္စတန် နိုင်ငံတကာလေကြောင်းလိုင်း၏ အမှုဆောင်အရာရှိချုပ် အာရှက်မာလစ်က ဆင်ဟွာ သတင်းဌာနသို့ ပြောကြားသည်။
ပါကစ္စတနိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံသို့ လေကြောင်းပျံသန်းပြေးဆွဲမှုအတွက် နည်းပညာ ဆိုင်ရာဆောင်ရွက်မှု အားလုံးကိုလည်း လုပ်ဆောင် ထားပြီးဖြစ်ကြောင်းနှင့် အဲဘတ်စ် အေ ၃၂၀ ဂျက်လေယာဉ်သည် အစ္စလာမ္မာဘတ်မှ ကဘူးလ်သို့ ခရီးသည်များကို ကနဦးပို့ဆောင်ပေးရန် စီစဉ်ထား ကြောင်း ပါကစ္စတန် နိုင်ငံတကာလေကြောင်းလိုင်း ၏ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလာဟာဖိဇ်ခန်က ပြောကြားသည်။
ပါကစ္စတန်နိုင်ငံတကာလေကြောင်းလိုင်းသည် ကဘူးလ်သို့ လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲမှု ကို ပြီးခဲ့သည့်လနောက်ပိုင်းမှစတင်ကာ ရပ်ဆိုင်း ထားခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန် နိုင်ငံတကာ လေကြောင်းလိုင်းမှ တာဝန်ရှိသူများက ပြောကြား သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်