
အစ္စလာမ်မာဘတ် ဩဂုတ် ၂၃
ပါကစ္စတန်နိုင်ငံ၌ ယမန်နေ့တွင် ကိုဗစ်-၁၉ရောဂါကြောင့် ၈၀ ထပ်မံသေဆုံးသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၂၅၀၀၃ ဦး ရှိလာကြောင်း ပါကစ္စတန်နိုင်ငံ ကိုဗစ်-၁၉ရောဂါဆိုင်ရာ လုပ်ငန်းစင်တာက ယနေ့ပြောကြားသည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတုတ္ထလှိုင်း ဖြစ်ပွား နေစဉ် လက်ရှိအချိန်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ သူ ၃၇၇၂ ဦး ထပ်မံတွေ့ရှိသဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူပေါင်း ၁၁၂၇၅၈၄ ဦးရှိလာကြောင်း အဆိုပါစင်တာက ပြောကြားသည်။ နိုင်ငံတောင်ပိုင်းရှိ ဆင်းပြည်နယ်သည် ကိုဗစ်-၁၉ ရောဂါ အဆိုးရွားဆုံးဖြစ်ပွားသည့်ဒေသဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၂၀၉၅၅ ဦးရှိကာ ရောဂါ ဖြစ်ပွားမှု ဒုတိယအများဆုံးဖြစ်သည့် ပန်ဂျပ်ပြည်နယ်၌ ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ၃၈၀၈၄၄ ဦးရှိသည်။ နိုင်ငံအတွင်းရှိ ၁၀၁၂၆၆၂ဦးမှာ ရောဂါမှပြန်လည်ကျန်းမာ လာကြောင်း သိရသည်။
နိုင်ငံအတွင်း လွန်ခဲ့သော တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၉၁၅၈၅၆ လုံးကို ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေအပြည့် ထိုးနှံပြီးစီးသူ ၁၃၄၃၄၆၀၅ ဦး ရှိကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- စိုးသူရ