
ရန်ကုန် ဩဂုတ် ၈
အကြိမ် (၃၀) မြောက် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူ စာပေတစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ ပညာရည်ချွန်ဆု၊ ပခုက္ကူ ဦးအုံးဖေစာကြည့်တိုက်စာအုပ်ဆု ဆုရရှိသူများစာရင်းကို ဇွန်လ ၁ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။ အဆိုပါ ဆုရရှိသူများအား ချီးမြှင့်မည့်အခမ်းအနားကို ဩဂုတ်လ ၂၄ ရက် နံနက်(၁၀:၀၀)နာရီ တွင် အမှတ်၂၂၈၊ သိမ်ဖြူလမ်း၊ ရန်ကုန်မြို့ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာန၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ဆုချီးမြှင့်ခံရသူများကို အခမ်းအနားတက်ရောက်ရန် နှိုးဆော်ထား ပြီး အသေးစိတ်သိရှိလိုပါက စာပေဗိမာန်ရုံး၊ စီမံရေးရာဌာန၊ ဖုန်း ၀၁ - ၈၃၈၁၄၄၉ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်