ပင်လောင်းမြို့နယ် ရင်းမှီးရပ်ကွက်ရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများ မူလနေရပ်သို့ ပြောင်းရွှေ့ထွက်ခွာ

နေပြည်တော်     ဇွန်    ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)      ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်   ရင်းမှီးရပ်ကွက်   မြသိန်းတန်ဘုန်းကြီးကျောင်း (စာသင်တိုက်) ယာယီတိုက်ပွဲရှောင်စခန်းရှိ အိမ်ထောင်စု ၂၉ စု၊ လူဦးရေ  ၈၅ ဦးတို့သည် ၎င်းတို့မူလနေရပ်သို့ ဇွန် ၁၃ ရက်တွင် ၎င်းတို့အစီအစဉ်ဖြင့် ပြောင်းရွှေ့ထွက်ခွာသွား၍      အဆိုပါယာယီတိုက်ပွဲရှောင်စခန်းကို ပိတ်သိမ်းခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။ 
မောင်ဇော်