ပင်လောင်းမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာသူများနေထိုင်သည့်နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PNO အဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်မောင်းထုတ်ခဲ့သည်ဟု မဟုတ်မမှန် ရေးသားဖြန့်ဝေ

နေပြည်တော်  ဇူလိုင်  ၃၁
ရှမ်းပြည်နယ်      (တောင်ပိုင်း) ပင်လောင်းမြို့နယ်အတွင်း ယာယီ နေရပ်စွန့်ခွာသူများ နေထိုင်သည့် နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် PNO အဖွဲ့ဝင်များက လက်နက် ကြီးများဖြင့် ပစ်ခတ်မောင်းထုတ်ခဲ့ ကြောင်း သတင်းတု၊ သတင်းအမှား များကို   မဟုတ်မမှန်    ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက် ၍ ပင်လောင်းမြို့နယ်မှ  တာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PNO ပအိုဝ်းပြည်သူ့ စစ်တပ်ဖွဲ့ဝင်များ က လက်နက်ကြီးများဖြင့် ပစ်ခတ် မောင်းထုတ်ခဲ့သည်     ဆိုသည့် သတင်းမှာ ကောလာဟလသတင်း အမှားသာဖြစ်ကြောင်း၊    တပ် မတော် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များအနေဖြင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား စနစ်တကျကူညီ စောင့်ရှောက်မှုများ၊ ထောက်ပံ့မှု များအပါအဝင်     လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို လူသားချင်းစာနာစိတ်အပြည့်ဖြင့် ကူညီဆောင်ရွက်လျက်ရှိကြောင်း နှင့် အဆိုပါသတင်းမှာ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်    ပြည်သူများ အကြား သွေးထိုးသပ်လျှိုနေသည့် သတင်းသာဖြစ်ကြောင်း   သိရှိရ သည်။                     
သတင်းစဉ်