ပင်လောင်းမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၈၅ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(ကတ်တမင်း)များ ဖမ်းဆီးရမိ

 

နေပြည်တော်  မတ်  ၁၂


ပင်လောင်းမြို့နယ်တွင်   ငွေကျပ် ၁  ဒသမ  ၈၅   ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(ကတ်တမင်း)များ       ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ      မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး    ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မတ် ၉ ရက် မွန်းလွဲ ၁ နာရီခွဲတွင်   ပင်လောင်းမြို့နယ် ပင်လောင်း   -  နေပြည်တော်သွား ကားလမ်း   လိန်းလီကြိုးတံတား တွင်  ပင်လောင်းမှ ပေါင်းလောင်း ဘက်သို့ မြင်ချီးချဲ(ခ)အောင်မြင့် (၅၉) နှစ်     မောင်းနှင်လာသည့် FORLAND    မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလ   တန်ဖိုးငွေကျပ်  ၁ ဒသမ  ၈၅  ဘီလီယံတန်ဖိုးရှိ  စိတ် ပြောင်းဆေးဝါး      (ကက်တမင်း) ၁၈၅    ကီလို    သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ  သိမ်း ဆည်းရမိ        စိတ်ပြောင်းဆေးဝါး (ကက်တမင်း)များကို   ရှမ်းပြည် နယ်(မြောက်ပိုင်း)မှ       ကရင် ပြည်နယ်မြဝတီနယ်စပ်သို့  သယ် ဆောင်ခြင်းဖြစ်ကြောင်း  သိရှိရ သဖြင့်  ဥပဒေအရအရေးယူထား ရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို       ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း    သိရ သည်။                          

သတင်းစဉ်