ပင်လည်ဘူးမြို့နယ်၌ ပညာရေးဝန်ထမ်း တစ်ဦးအား အကြမ်းဖက်သမားများက အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

 

နေပြည်တော်  ဒီဇင်ဘာ  ၁၅


တိုင်းဒေသကြီး၊     ပြည်နယ်များရှိ မြို့နယ်အချို့တွင်   အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ    တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထု အချို့အား လူထုအတွင်းအကြောက် တရား     လွှမ်းမိုးစေရန်လည်း ကောင်း၊    ဝန်ထမ်းကျင့်ဝတ်နှင့် အညီ ရိုးသားစွာဖြင့် နိုင်ငံတော် အပေါ်   သစ္စာစောင့်သိ၍  အလုပ် တာဝန်များ   ထမ်းဆောင်လျက် ရှိသည့်   နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုး ဖြင့် အတင်းအကျပ် CDM ပြုလုပ် စေပြီး   CDM   ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်းများအား     လည်း ကောင်း၊ ၎င်းတို့နှင့် အမြင်အယူ အဆမတူသူ အေးချမ်းစွာနေထိုင် လျက်ရှိသော   ပြည်သူလူထုများ အား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟု စွပ်စွဲ၍လည်းကောင်း၊ ငါနှင့် မတူ  ငါ့ရန်သူဟူသည့်  တစ်ဖက် သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲ အပေါ်အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သူများက    တုတ်၊ ဓား၊   သေနတ်၊   လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ   အသုံးပြု၍ ရက်စက်စွာ  လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက် ရှိသည်ကို တွေ့ရှိရသည်။

 


သေနတ်ဖြင့် ပစ်ခတ်


စစ်ကိုင်း      တိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်    ပြည်သူ့ ဆေးရုံ၌ ဒီဇင်ဘာ ၁၄ ရက် ညနေ ၄ နာရီခန့်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသော    အမျိုးသား တစ်ဦး ရောက်ရှိကြောင်း သတင်း အရ    လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အောင်း ကုန်းကျေးရွာနေ အဆိုပါကျေးရွာ ရှိ      အခြေခံပညာမူလတန်း ကျောင်းမှ  ကျောင်းဆရာဖြစ်သူ ကိုဇော်မိုး (၃၀)နှစ်(ဘ) ဦးထွန်း မြင့်အား   ဝဲရင်အုံကျည်ဖောက် ထွက်ဒဏ်ရာဖြင့် သေဆုံးနေသည် ကို    တွေ့ရှိရသဖြင့်   စိစစ်ခဲ့ရာ ကိုဇော်မိုးသည် ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၆ နာရီခွဲအချိန်တွင် ကျေးရွာအနီးရှိ ကြက်ခြံ၌ရှိနေစဉ် ဆိုင်ကယ်များဖြင့်   အကြမ်းဖက် သမား ခြောက်ဦးရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ဇော်မိုး တွင် ဒဏ်ရာရရှိကာ သေဆုံးသွား ခြင်းဖြစ်ကြောင်း သိရသည်။

 


ဖော်ထုတ်ဖမ်းဆီး


အထက်ပါ      ဖြစ်စဉ်တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ   တာဝန် ရှိသူများ၊    နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုများအား ငါနှင့်မတူ ငါ့ရန်သူဟူသည့်  တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ရက်စက် စွာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန် ခဲ့သည့် အကြမ်းဖက်သူများအား ဖော်ထုတ်ဖမ်းဆီး၍   ဥပဒေနှင့် အညီ   ထိရောက်စွာ  အပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း  သတင်းရရှိသည်။


သတင်းစဉ်