
ဂျေရုဆလင် စက်တင်ဘာ ၂၆
ပင်လယ်ကွေ့နိုင်ငံများမှ ဝန်ကြီး များနှင့် အမေရိကန်နိုင်ငံတွင် ပထမဆုံးအကြိမ် တွေ့ဆုံသွားရန် ရှိသည်ဟု အစ္စရေးဝန်ကြီးချုပ် နာ့ဖ်တလီဘန်းနက်က စက်တင် ဘာ ၂၅ ရက်၌ ပြောကြားခဲ့ သည်။
အစ္စရေး ဝန်ကြီးချုပ် ဘန်းနက်သည် စက်တင်ဘာ ၂၅ ရက်က ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်းပြောကြားရန် အမေရိကန် ပြည်ထောင်စုသို့ ထွက်ခွာခဲ့သည်ဟု ၎င်း၏ ရုံးမှ ထုတ်ပြန်ကြေညာသည်။
စက်တင်ဘာ ၂၆ ရက်တွင် ဘာရိန်းနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီး အဗ္ဗဒူလာတစ်ဖ် ဘင် ရက်ရှ် ဟစ် အယ်ဇာယာနီ၊ ယူအေအီးဝန်ကြီး ခါလစ်ဖာ ရှာဟင် အယ်မာရာတို့နှင့် တွေ့ဆုံ သွားမည်ဟုလည်း ကြေညာချက် ထုတ်ပြန်ထားသည်။
ထို့ပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်သည်။
အာရပ်နိုင်ငံများနှင့် ဆက်ဆံ ရေးထူထောင်သွားရန် အစ္စရေး နိုင်ငံက ကြိုးပမ်းလျက်ရှိပြီး ယင်းကြားထဲတွင် ယခုလိုတွေ့ဆုံ မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ဘာရိန်းနိုင်ငံနှင့် ယူအေအီး နိုင်ငံတို့သည် ၂၀၂၀ ပြည့်နှစ် အတွင်း အစ္စရေးနိုင်ငံနှင့် ပုံမှန်ဆက်ဆံရေး ထူထောင်ခဲ့ သည်။
ဆင်ဟွာ