
ပွင့်ဖြူ ဩဂုတ် ၈
မကွေးတိုင်းဒေသကြီး ပွင့်ဖြူ မြို့နယ်တွင် ဩဂုတ် ၈ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က မုန်း ချောင်းကမ်းပါး ပြိုကျမှုကြောင့် ဆည်မုန်းကျေးရွာ၌ လူနေအိမ် ၁၃ လုံးဘေးလွတ်ရာသို့ ပြောင်းရွှေ့ ခဲ့ရကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုလဆန်း ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ မှုကြောင့် မုန်းချောင်းရေ မြင့်တက် ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းက ဆည်မုန်း ကျေးရွာ၌ ကမ်းပါးပြိုကျမှုများ ဖြစ်ပွားခဲ့သဖြင့် မုန်းချောင်း ကမ်းပါးနှင့် နီးစပ်သော လူနေအိမ် ၁၃ လုံးကို အန္တရာယ်ကင်းဝေး စေရန် ကျေးရွာသူ ကျေးရွာသား များက ဘေးလွတ်ရာ ဆွေမျိုး များ နေအိမ်သို့ ဝိုင်းဝန်းကူညီ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရ သည်။ အဆိုပါ ကမ်းပါးပြိုကျမှု ကြောင့် အခြား လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)