
ပွင့်ဖြူ ဇူလိုင် ၂၇
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ တဖြည်းဖြည်းလျော့နည်း ကျဆင်းလာပြီး မြစ်ကမ်းဘေးအနီး မြစ်ရေ မြင့်တက်စဉ်က ရေဝင်ရောက်မှု ဖြစ်ပွားခဲ့ သည့်ကျေးရွာများတွင် မြစ်ရေများ လျော့နည်း ကျဆင်းလာကြောင်း ပွင့်ဖြူမြို့နယ် နန်းတော် ကျွန်းကျေးရွာ ဒေသခံပြည်သူများထံမှ သိရ သည်။
“ဒီနှစ် မြစ်ရေမြင့်တက်မှုဟာ ပြီးခဲ့တဲ့ နှစ်တွေကထက် ပိုများခဲ့ပါတယ်။ ဒီနေ့ မနက်မှာဆိုရင် ရွာတွင်းလမ်းတွေနဲ့ လူနေ အိမ်ဝိုင်းအချို့မှာ မြစ်ရေက သိသိသာသာ လျော့နည်းသွားပါတယ်။ မြစ်ရေဝင်ရောက် ခဲ့မှုအနေနဲ့ ရက်ပေါင်း ၂၀ ကြာပါတယ်” ဟု ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောပြသည်။
ယခုနှစ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှု ကြောင့် ပွင့်ဖြူမြို့နယ်အတွင်း မြစ်ကမ်း ဘေးအနီး ကျေးရွာများဖြစ်သည့် နန်းတော် ကျွန်း၊ ငါးခြောက်ကျွန်း(ရွာမ)၊ ငါးခြောက် ကျွန်း(ရေလယ်ကျွန်း)၊ ထူး၊ ငှက်တော ကုန်း၊ ကျွန်းကလေး၊ ဘီးဇပ်ခုံ ၊ ကံလှ၊ သံကိုင်း၊ သိမ်ကုန်း၊ ကူကြီး၊ မြင်းခြံစု၊ ရှားတော၊ ရွှေလှေ၊ ညောင်ကုန်း၊ မှရိုးကုန်း၊ ကြည်ကုန်း၊ ဆင်စု၊ ရေချမ်းစင်၊ ကျောင်းစု၊ ဆည်မုန်းနှင့် အရှေ့ လေးအိမ်ကျေးရွာများတွင် မြစ်ရေဝင်ရောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး
(ပွင့်ဖြူမြေ)