ပြင်သစ်နိုင်ငံက ကိုဗစ် -၁၉ ကာကွယ်ဆေးများကို ဆင်းရဲသည့်နိုင်ငံများသို့ နှစ်ဆပေးပို့သွားမည်

 

ပါရီ စက်တင်ဘာ ၂၆


ပြင်သစ်နိုင်ငံသည် ဆင်းရဲသည့်နိုင်ငံများသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးပေးပို့မည့်ပမာဏကို  နှစ်ဆတိုး သွားမည်ဟု ပြောကြားခဲ့သည်။ 
ဆင်းရဲသည့်နိုင်ငံများသို့  ကိုဗစ် -၁၉ ကာကွယ် ဆေးသန်း  ၁၂၀ ပေးပို့သွားမည်ဟု   ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က စက်တင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။  အခြားသော တိုက်ကြီးများတွင် ကိုဗစ် -၁၉ ကာကွယ်ဆေးရရှိမှု   မညီမျှမှုကြောင့်  ကာကွယ်ဆေးထိုးပေးရာတွင်  နောက်ကျနေကြောင်း၊ ကာကွယ်ဆေးကို  အရှိန်အဟုန်ဖြင့်   ထိုးပေးနိုင်ရေး အတွက်   လုပ်ဆောင်ရမည်ဖြစ်ကြောင်း   ၎င်းက ပြောကြားခဲ့သည်။  
ပြင်သစ်နိုင်ငံသည်    ကာကွယ်ဆေးပေးပို့မည့် ပမာဏကို  နှစ်ဆတိုးမည်ဟုလည်း  ၎င်းက  ကတိပြု ပြောကြားခဲ့သည်။ ကာကွယ်ဆေးအလုံးရေ  သန်း ၆၀ မှ သန်း ၁၂၀ အထိ ပေးသွားမည်ဟုလည်း  ပြော သည်။  စက်တင်ဘာ ၂၂ ရက်ကလည်း အမေရိကန် ပြည်ထောင်စုသည်   ကာကွယ်ဆေးလှူဒါန်းမည့် ပမာဏကို နှစ်ဆတိုးသွားမည်ဟု   ကြေညာခဲ့သည်။ 


ကာကွယ်ဆေးအလုံးရေ ၁ ဒသမ ၁ ဘီလီယံ လှူဒါန်းသွားမည်ဟု   ပြောကြားခဲ့သည်။ ဥရောပ သမဂ္ဂသည်လည်း  ကာကွယ်ဆေးအလုံးရေ  သန်း ၅၀၀ ကို  ဖြန့်ဝေသွားမည်ဟု ပြောကြားခဲ့သည်။
 ပြင်သစ်သမ္မတမက်ခရွန်က  ပြင်သစ်နိုင်ငံသည် ကုလသမဂ္ဂ     ကလေးများရန်ပုံငွေအဖွဲ့နှင့်အတူ လက်တွဲလုပ်ဆောင်လျက်ရှိပြီး    အာဖရိကနိုင်ငံများ တွင်       ကာကွယ်ဆေးထိုးပေးနိုင်ရေးအတွက် အကူအညီပေးလျက်ရှိကြောင်းကိုလည်း  ပြောကြား ခဲ့သည်။                     

အေအက်ဖ်ပီ