ပြင်သစ်နိုင်ငံ၌ လူဦးရေ ၁၀ သန်းအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်း ထိုးနှံပေးပြီးဖြစ်

ပါရီ  ဒီဇင်ဘာ  ၅


ပြင်သစ်နိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၁၀ သန်းအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်း ထိုးနှံပေးပြီးဖြစ်ကြောင်း ပြင်သစ်ကျန်းမာရေးဝန်ကြီး အိုလီဗီယာဗီရန်က ဒီဇင်ဘာ ၅ ရက်တွင် ကြေညာခဲ့ သည်။


ပြင်သစ်နိုင်ငံ    ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ     နိုင်ငံအတွင်း၌   လူဦးရေ ၅၂၀၈၃၂၂၈ ဦးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။


ပြင်သစ်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်တွင် Pfizer ၊ Moderna၊ Johnson & Johnson နှင့်  AstraZeneca ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေးတို့ကို     အရေးပေါ်အသုံးပြုရန် အတည်ပြုထားကြောင်း သိရသည်။


ပြင်သစ်နိုင်ငံ၌     လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၁၆၂၄ ဦး ထပ်မံ တွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း  ၇၈၇၅၀၁၂  ဦးရှိလာကြောင်း ပြင်သစ် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
လက်ရှိတွင် ပြင်သစ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူစုစုပေါင်း ၁၁၉၅၀၆ ဦးရှိကြောင်း သိရသည်။ 


ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်