
ပါရီ ဒီဇင်ဘာ ၈
ပြင်သစ်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၉၀၁၉ ဦးရှိခြင်းကြောင့် နိုင်ငံအတွင်း နေ့စဉ်ကူးစက်မှုသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလနောက်ပိုင်း စံချိန်တင်တွေ့ရှိခဲ့ကြောင်း ပြင်သစ်နိုင်ငံ ပြည်သူ့ကျန်းမာရေးအေဂျင်စီက ဒီဇင်ဘာ ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ပြင်သစ်နိုင်ငံ ပြည်သူ့ကျန်းမာရေးအေဂျင်စီ၏ ပြောကြားချက်အရ နိုင်ငံအတွင်း လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၆၈ ဦး ထပ်မံတွေ့ရှိကြောင်းနှင့် လက်ရှိတွင် ဆေးရုံများ၌ ဆေးဝါးကုသမှုခံယူလျက်ရှိသူ ၁၂၇၁၄ ဦးရှိကြောင်း သိရသည်။
ပြင်သစ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်းထိုးနှံမှုကို စက်တင်ဘာ ၁ ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ကာကွယ်ဆေးတတိယအကြိမ် အပိုဆောင်းထိုးနှံပြီး သူ စုစုပေါင်း ၁၁၆၁၉၈၃၁ ဦးရှိကြောင်း ပြင်သစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အလင်းသစ်