ပြင်သစ်နှင့် အီတလီနိုင်ငံတို့၌ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှု သောင်းချီများပြား

 

ပါရီ  ဒီဇင်ဘာ  ၂၄


ပြင်သစ်နိုင်ငံနှင့်  အီတလီနိုင်ငံတို့၌    ကိုဗစ် -၁၉ နေ့စဉ်ကူးစက်မှုများမှာ  စံချိန်တင်များပြားလျက် ရှိသည်။ ပြင်သစ်နိုင်ငံတွင်  ဒီဇင်ဘာ ၂၃ ရက်က ကိုဗစ်-၁၉ ကူးစက်ခံရသူ ၉၁၆၀၈ ဦးရှိပြီး အီတလီ နိုင်ငံတွင်မူ ၄၄၅၉၅   ဦးရှိသည်။  တခြားသော တိုင်းပြည်များကဲ့သို့ပင်  ကူးစက်မှုမြန်ဆန်သည့် အိုမီခရွန်ကူးစက်မှုမှာ ပြင်သစ်နိုင်ငံတွင် ပျံ့နှံ့နေပြီဟု ပြင်သစ်ကျန်းမာရေးဝန်ကြီး အိုလီဗီယာ  ဗီယန်က ပြောသည်။  

 


ထို့ပြင် နေ့စဉ်ကူးစက်မှုနှုန်းမှာလည်း နှစ်ရက် လျှင် နှစ်ဆတိုးလျက်ရှိသည်။ မကြာမီအချိန်အတွင်း နေ့စဉ်ကူးစက်မှုမှာ ၁၀၀၀၀၀ ကျော်လွန်လာမည် ဟုလည်း ၎င်းက ခန့်မှန်းထားသည်။ 

 


အသွားအလာကန့်သတ်ခံရသည့်  ဦးရေများပြား လာသည့်အတွက် အများပြည်သူဝန်ဆောင်မှုကဏ္ဍ တွင်လည်း  အလုပ်သမားများ  ပြတ်လပ်မှုများပြားလာ သည့်အတွက်  စိုးရိမ်မိသည်ဟု ၎င်းက  ဆက်ပြော သည်။  

 


ထို့ကြောင့်   အစိုးရသည်   လူနာကူးစက်ခံရပြီး နောက် အသွားအလာစောင့်ကြည့်ကန့်သတ်သည့်ကာလကို   ၁၀ ရက်ဟု   ပြောင်းလဲသတ်မှတ်ရန် စဉ်းစားထားသည်ဟုလည်း ၎င်းကဆက်ပြောသည်။ 

 


အလုပ်သမားပြတ်လပ်မှုမှ  အကာအကွယ်ပေး နိုင်ရေးအတွက် ဗြိတိန်နိုင်ငံသည် အသွားအလာ ကန့်သတ်စောင့်ကြည့်မှုကာလကို ၁၀ ရက်မှ ၇ ရက် အထိ လျှော့ချရန် ဆုံးဖြတ်ထားသည်။


အင်န်အိတ်ချ်ကေ