ပြင်သစ်ရထားကွန်ရက်အဖျက်အမှောင့်လုပ်ရပ်က စနစ်တကျစီစဉ်ထားသော ရာဇဝတ်မှုဖြစ်နိုင်ဟုဆို

 

ပါရီ   ဇူလိုင်   ၂၇


ပြင်သစ်   အာဏာပိုင်များသည် မြန်နှုန်းမြင့်ရထားကို    ပစ်မှတ် ထားသော အဖျက်အမှောင့်လုပ်ရပ် များအတွက် သောကြာနေ့နံနက် အစောပိုင်းတွင် စုံစမ်းစစ်ဆေးမှု များ စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ     လုပ်ရပ်များမှာ စနစ်တကျ    စီစဉ်ထားသော ရာဇဝတ်မှုနှင့် ဆက်နွှယ်မှုရှိနိုင် ကြောင်း  ၎င်းတို့က   ပြောသည်။ အဖျက်အမှောင့်   လုပ်ဆောင်သူ များသည်  နိုင်ငံ၏   မြောက်ပိုင်း လိုင်လီ၊ အနောက်ပိုင်း ဘော်ဒိုးနှင့် အရှေ့ပိုင်း စထရာဘော့ဂ်တို့ကဲ့သို့ သောမြို့များနှင့်     ပါရီမြို့ကို ဆက်သွယ်ထားသော     ရထား လမ်းတစ်လျှောက်တွင် အချက်ပြ သေတ္တာများကို       ဖျက်ဆီးခဲ့ ကြောင်း     နိုင်ငံပိုင်      ရထား လုပ်ငန်းတာဝန်ရှိသူများက   ပြော သည်။
ယင်း အဖျက်အမှောင့်လုပ်ရပ် များက မြို့တော်မှ အခြားပြင်သစ် မြို့တွင်းနှင့်      ဥရောပတို့သို့ ဆက်သွယ်ပြေးဆွဲနေသော TGV ရထားကွန်ရက်    အသုံးပြုသွား လာမှုကို ထိခိုက်စေသည်။ ထို့ပြင် ပရိသတ်များနှင့် အားကစားသမား အချို့ပင် ပါရီမြို့တွင် ပြုလုပ်သည့် နွေရာသီ    အိုလံပစ်အားကစား ပြိုင်ပွဲ       ဖွင့်ပွဲအခမ်းအနားကို လွဲချော်ခဲ့ကြောင်း သိရသည်။
တနင်္လာနေ့အထိ    ရထား ဝန်ဆောင်မှုများ ကြန့်ကြာနိုင်ပြီး ခရီးသည်ပေါင်း ရှစ်သိန်း ထိခိုက် ဖွယ်ရှိကြောင်း သိရသည်။  
အင်န်အိတ်ချ်ကေ